လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်စာမျက်နှာတွင်ဒေါက်တာဇာနည်ဆိုသူက ဆရာတော် ဦးဝီရသူအား ပရိသက်ရှေ့မှောက် စကားစစ်ထိုးရန် တောင်းဆိုကမ်းလှမ်းထားကြောင်း သိရသည်။
မြန်မာ့အရေးကျွမ်းကျင်သူနှင့် လူ့အခွင့်အရေးသမား ပြည်ပရောက် ဒေါက်တာဇာနည်က ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဆရာတော် ဦးဝီရသူနှင့် DVB သတင်းဌာနတွင် မြန်မာဘာသာစကားဖြင့် စစ်ထိုးလိုကြောင်း ဖိတ်ခေါ်ကမ်းလှမ်းထားရာ ဆရာတော် ဦးဝီရသူကလည်း "စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မည့်သူ" ဟုဆိုကာ မိမိ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသား၍ ၄င်း၏ ကမ်းလှမ်းချက်အား လက်ခံထားသည်ကိုတွေ့ရသည်။
ဒေါက်တာ ဇာနည်အနေဖြင့် ဆရာတော်ဦးဝီရသူသည် ပြည်သူလူထုအား နာဇီဝါဒဟောပြောပို့ချနေသည်ကို အခိုင်အမာပြချင်၍ ယင်းသို့ ပရိသတ်ရှေ့မှောက် စကားစစ်ထိုးရန် ဖိတ်ခေါ်ကြောင်း ၄င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသလို ဆရာတော် ဦးဝီရသူကလည်း မွန်းတည့်နေသို့ အတည်ပြုပြောကြားသည်။
DVB သတင်းဌာနတွင် ပြုလုပ်မည့် အဆိုပါစကားစစ်ထိုးပွဲကျင်းပမည့်နေ့ရက်၊ အချိန်ကို အတိအကျမသိသေးကြောင်းနှင့် ဒေါက်တာ ဇာနည်ဘတ်မှလည်း ယခုအချိန်အထိ မည်သည့်အဆက်အသွယ်မျှ မရသေးကြောင်း ဆရာတော်ဦးဝီရသူက ဆက်လက်မိန့်ကြားသည်။
ဒေါက်တာ ဇာနည် သည် မန္တလေးသားတစ်ဦးဖြစ်ပြီး မြန်မာ့အရေးကျွမ်းကျင်သူနှင့် သတင်းအစီရင်ခံသူတစ်ဦးလည်းဖြစ်သည်။
စစ်အစိုးရလက်ထက်က ပြည်နှင်ဒဏ်ပေးခံထားရသူတစ်ဦးဖြစ်ကြောင်းလည်းသိရသည်။ လက်ရှိ လန်ဒန်မြို့ရှိ စီးပွားရေးနှင့် နိုင်ငံရေး သိပ္ပံကျောင်းမှ အရပ်ဖက် လူ့အဖွဲ့အစည်းနှင့် လုံခြုံမှုဆိုင်ရာ သုတေသန ဌာနတွင် ဧည့်ပါမောက္ခတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
ဇေယျာ
မွန်းတည့်နေ-အချပ်ပို- အတွဲ (၁)၊ အမှတ် (၃၀) သောကြာ၊ ၁၉၊ ဇူလိုင်၊ ၂၀၁၃ သတင်းမှ။
From:Wira Thu
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...