Pages

Wednesday, July 31, 2013

Galaxy S4 ပေါက်ကွဲပြီး အိမ် မီးလောင်ကျွမ်းမှု ဟောင်ကောင်တွင် ဖြစ်ပွားခဲ့

 မစ္စတာ ဒူ လို့ခေါ်တဲ့ ဟောင်ကောင်နိုင်ငံသား တစ်ဦး အသုံးပြုတဲ့ Samsung Galaxy S4 စမတ်ဖုန်းဟာ ပေါက်ကွဲခဲ့ပြီး အိမ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ Xianguo.com မှ ဖော်ပြခဲ့ပါတယ်။ ၎င်းအသုံးပြုတဲ့ ဖုန်း၊ ဘက်ထရီနဲ့ အားသွင်းစက်ဟာ Samsung ရဲ့ တရားဝင် ထုတ်ကုန်များ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်တစ်အိမ်လုံး မီးလောင်ကျွမ်းခဲ့မှုနဲ့ ပတ်သက်ပြီး အတည်ပြုရ ခက်နေတယ်လို့ ဆိုပါတယ်။


မစ္စတာ ဒူ ဟာ ဧည့်ခန်း ဆိုဖာပေါ်မှာ ထိုင်ပြီး အားသွင်းထားတဲ့ Galaxy S4 မှာ Love Machine ဂိမ်းကို ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုအချိန်တွင် မစ္စတာဒူမှာ အပူရှိန်ကြောင့် စမတ်ဖုန်းကို ဆိုဖာပေါ်သို့ လွှင့်ပစ်လိုက်ရာမှ ဆိုဖာတွင် မီးစစွဲကြောင်း၊ မီးတောက်မှာ လိုက်ကာများထံ ကူးစက်သွားပြီး အိမ်အသုံးအဆောင် ပစ္စည်းများ၊ ပရိဘောဂများ အပြင် အိမ်အပြင်ဘက်မှာ ရပ်ထားတဲ့ မာစီဒီးကားကိုပါ လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း Xianguo.com မှ ဖော်ပြခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ ၅ လက်မအရွယ် စမတ်ဖုန်းကနေတစ်ဆင့် အိမ်တစ်အိမ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် အနေအထား မရှိဘူးလို့ မီးသတ်ဌာနမှ ဆိုပါတယ်။

နောက်ပြီး Samsung ကလည်း အသေးစိတ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ Xianguo.com ထံ ပြောကြားခဲ့ပါတယ်။

Ref: PCMag

From:Internet Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...