India နိုင်ငံ မွန်ဘိုင်း Wadala,Bhakti Park မှာတည်ရှိတဲ ရေကူးကန်ပါ။
လူတွေရဲ့ အမြင်အာရုံကို ပုံမှန်ထက်ဆန်းသစ်အောင် ဖန်တီးထားတဲ့
အဆိုပါရေကူးကန်ဟာ နယူးယောက်မြို့ပုံရိပ်ကို ကောင်းကင်ယံမှ ရိုက်ကူးထားပြီး ရေကူးကန်ကြမ်းပြင်မှာ ရေးဆွဲထားတာကို ထူးခြားစွာ
မြင်တွေ့ရမှာပါ။အကြောင်းကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတုပြောင်းလည်း
ဖောက်ပြန်မှု၊ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု တို့ကြောင့်
နှောင်နှစ်ပေါင်းများစွာကြာမြင့်လာပါက ကမ္ဘာပေါ်မှာရှိသမျှ
မြို့တွေအားလုံးဟာ ပင်လယ်ရေအောက်ကိုရောက်ရှိသွားမှာ ဖြစ်တယ်ဆို
တဲ့အကြောင်းကို ပုံဖော်ရေးဆွဲထားခြင်းဖြစ်တယ်။
ဓာတ်ပုံဆရာရဲ့  ရိုက်ကူးဖန်တီးမှုနဲ့အတူ လာရောက်အပန်းဖြေသူတိုင်းကို
ပီပြင်စွာသတိပေး ဖော်ပြထားတာကို ယခုလိုမြင်တွေ့ရမှာပါ။
Ref:Know
Khun Nay(August Myanmar Media Group).
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...