Pages

Friday, July 5, 2013

KIA အဖွဲ့၏ တပ်သားသစ် အဖြစ်စုဆောင်းခံရသော လော်ဝေါ်လူငယ် ၂ ဦးနှင့် ဗမာလူငယ် ၁ ဦး အလင်းဝင် ရောက်

ဇူလိုင်လ ၅ ရက် ၂၀၁၃

ကချင်ပြည်နယ် မြစ်ကြီးနားတွင် ဇူလိုင် ၄ ရက် ည ၉ နာရီခွဲခန့်တွင် KIA အဖွဲ့၏ တပ်သားသစ်အဖြစ် စုဆောင်းခံရသော လော်ဝေါ်တိုင်းရင်းသား လူငယ် (၂) ဦးနှင့် ဗမာလူငယ် (၁) ဦးသည် သက်ဆိုင်ရာဌာန တစ်ခုသို့ အလင်းဝင်ရောက် လာခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော လူငယ်များမှာ ၂၀၁၂ ခုနှစ်အတွင်းက ဖားကန့်ကျောက်စိန်းမှော်တွင် အလုပ်လုပ် နေစဉ် KIA အဖွဲ့တစ်ဖွဲ့ကအတင်းအဓမ္မလာရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊KIA  နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားစဉ်က ၀င်ရောက်တိုက်ခိုက်ခဲ့ရကြောင်း၊ယခုငြိမ်းချမ်းရေးဆွေးနွေးထားပြီးဖြစ် ၍ ၎င်းတို့အား နေရပ်သို့ ပြန်ခွင့်ပြုရန် တောင်းဆိုသော်လည်း ခွင့်မပြုသဖြင့် ထွက်ပြေးလာပြီး အလင်းဝင် ခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါအလင်းဝင်လူငယ်သုံးဦးအနက် လော်ဝေါ်တိုင်းရင်းသားလူငယ်(၂)ဦးမှာ ၁၈ နှစ်သာရှိသေးပြီး ဗမာ လူငယ်မှာ (၂၄)နှစ်ဖြစ်ကြောင်း၊ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်ခွင့်ရရန်မျှော်လင့်နေကြကြောင်း ၎င်း ပုဂ္ဂိုလ်က ဆက်လက် ပြောပြသွားသည်။

ခွန်နော်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...