Pages

Monday, July 1, 2013

ရန်ကုန်မြို့ရှိ လက်ဖက် ရည်ဆိုင် များ၌ WiFi အခမဲ့ စနစ်ခေတ်စားလာ

ရန်ကုန်မြို့ရှိလက်ဖက်ရည် ဆိုင်များတွင် WiFi အခမဲ့ အသုံး ပြုနိုင်သည့် ဓလေ့မှာ စတင်ခေတ်စား လာကြောင်းသိရှိရသည်။ ယခင်ကရန်ကုန်မြို့တွင် Supermarket နှင့် အဆင့်မြင့် Coffee Shop များ တွင်သာ WiFi အခမဲ့စနစ်ကို အသုံးပြုခဲ့သည်။ ယခုအချိန်တွင်တည်း ခိုခန်းများ ၊ လက်ဖက်ရည်ဆိုင်များ၊
Coffee Shop တိုင်းနီးပါး WiFi အခမဲ့အသုံးပြုနိုင်သည့် စနစ်အားတွင်ကျယ်စွာအသုံးပြုလာကြပြီဖြစ်သည်။ ထိုသို့ WiFi အခမဲ့အသုံးပြုနိုင် သည့်စနစ်ထွန်းကားလာခြင်းမှာ လူကြီး၊ လူငယ်၊ လူလတ်ပိုင်းအ ကုန်လုံး သည်ယနေ့ခေတ်တွင် Smart Phone များအသုံးပြုများလာကြခြင်းကြောင့် WiFi စနစ်နှင့် Internet ကို
လွယ်လင့်တကူအသုံးပြုနိုင်ခြင်းကို စိတ်ဝင်စားသည့် အတွက်ကြောင့်ဖြစ်သည်။


ထိုကဲ့သို့ WiFi အသုံးပြုခြင်း နှင့်ပတ်သက်၍ မဟာရန်ကုန်၏ တာဝန်ရှိသူတစ်ဦးမှ"အခုခေတ်မှာ လက်ဖက် ရည်ဆိုင်လူစီချင်ရင် ဘောလုံးပွဲပြ၊ သီချင်းဖွင့်၊ ရုပ်ရှင်ပြဆိုတာထက်ပိုပြီးစားသုံးသူတွေကို ဆွဲဆောင်နိုင်တဲ့
အချက်က တော့ Free WiFi ဆိုပြီးဆိုင်းဘုတ် ချိတ်နိုင်ဖို့ပါပဲ။ အဲ့ဒါဆို Internetအလကားအသုံးပြုရတယ် ဆိုပြီး လူကြီးလူငယ်တွေ အကုန်လုံးလာ ကြပါတယ်။ ကြာကြာလည်းထိုင်ကြပါတယ်။လာသုံးတဲ့သူတွေ ကလည်းဖုန်းကိုအသုံးပြုပြီးလာသုံး တဲ့လူတွေများပါတယ်။ အခုလိုမို ဘိုင်းဖုန်းတွေခေတ်စား လာတဲ့လမ်း ကြောင်းပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေလည်း လိုအပ်သလိုမိ မိတို့ ဆိုင်ရောင်းကောင်းအောင်ပြု လုပ်ကြ ပါတယ်" ဟု ပြောကြားခဲ့သည်။

ယခုလို WiFi အခမဲ့အသုံးပြု နိုင်တဲ့နေရာတွေတစ်ဖြည်းဖြည်းများလာ တာကြောင့် နိုင်ငံခြား ခရီးသွား ဧည်သည့်များကိုလည်းပိုမို ဆွဲဆောင်နိုင်ကြောင်း သိရှိရသည်။ ထိုကဲ့သို့ WiFi အခမဲ့အသုံးပြုနိုင်နေတာ ကြောင့်ရန်ကုန်မြို့ ၏နေရာတော်တော်များများတွင် WiFi အခမဲ့အသုံးပြုနိုင်နေကြောင်း သိရှိရသည်။ WiFi အခမဲ့ အသုံးပြုသည့် နေရာများပေါ်လာခြင်းနှင့် ပတ်သက်၍ Diploma inITတက်ရောက်နေသော ကျောင်းသား ကိုပြည့်ဖြိုးမှ "အခုလိုအသုံးပြုနိုင် တာတော်တော်ကောင်းပါတယ်။ အရင်က ဆိုဒီလို
သုံးချင်ရင် Tokyo Donuts မှာသာလူတွေသွားရောက် အသုံးပြုလေ့ရှိပါတယ်။ အခုတော့ နေရာတော်တော် များများ ပေါ်လာပါပြီ၊ အရင်လို ဆိုင်တစ်ဆိုင်ထဲ တွင်လူတွေအများ ကြီးအသုံးပြု စရာမလိုတော့ပါဘူး" ဟု ပြော ကြားခဲ့သည်။ ထိုကဲ့သို့ WiFi အခမဲ့စနစ်အ သုံးပြုနိုင်သည့်စနစ်များထွန်းကားမှုသည် ရန်ကုန်တွင်သာ မဟုတ်ပဲ မန္တလေး၊ ပြည်-ပုံဂံ-ညောင်ဦး ၊ ပြင်ဦးလွင် ၊ တောင်ကြီးမြို့များတွင် လည်းခေတ်စားလာပြီဖြစ်သည်။

အဆိုပါ မြို့များတွင်မှု စာကြည့်တိုက်၊ လက်ဖက်ရည်ဆိုင် နှင့် အခြား လူသွားလူလာများသောနေရာအချို့တွင် အသုံးပြု၍ ရနိုင်ကြောင်း သိရှိရသည်။

Smart Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...