ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်ရှိ ဝေးလံခေါင်ပါးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ထုတ်လိုင်၊ ပုမ်းဗာ၊ ဗန်တဲ့၊ ဇုန်း၊ ဖူနူမ်း၊ ဒိမ်ဇန်၊ ထန်နွှဲ၊ စိုဇန်၊ ဘွင်၊ ဟေလေး၊ ပတ်ဇန်၊ ပန်ဆတ် ကျေးရွာများသာမက အနီးဝန်းကျင်ရှိ ကျေးရွာအချို့တွင်ဇွန် ၂ဝ ရက်က စတင်၍ WiFi စနစ်ဖြင့် ကွန်ပျူတာ၊ အင်တာနက်အခမဲ့ တပ်ဆင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
''ဒီအစီအစဉ်ကို ဒီနှစ်ဧပြီလမှာ ကျရောက်ကျင်းပတဲ့ ထုတ်လိုင်ကျေးရွာ နှစ် ၁ဝဝ ပြည့် ရတုသဘင်ပွဲတော်မှာ WiFi စနစ် ကျင့်သုံးနိုင်ဖို့ ဆုံးဖြတ်ချက်ချကြပြီး အခုလိုလက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြတာပါ၊
အခုလောလောဆယ်မှာတော့ WiFi အလုံး ၂ဝ တပ်ဆင်ပေးထားပြီး အိမ်ခြေလူဦးရေများ တဲ့ ကျေးရွာဆိုရင် နှစ်လုံးကနေ သုံးလုံးအထိ တပ်ဆင်ပေးပါ တယ်၊ နောက်ထပ်အ သုံးပြုလိုတဲ့ ကျေးရွာ ရှိရင်လည်း ဆက်သွယ်မေးမြန်း အကူအညီတောင်းနိုင်ပါတယ်၊ ပြီးတော့ ထုတ်လိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှာဆိုရင် အခြေခံကွန်ပျူတာကို ဘာသာရပ် တစ်ခုအနေနဲ့ သင်ကြားပို့ချနေပါတယ်'' ဟု နည်းပညာ အကျိုးတော်ဆောင် မိုက်ကယ်ဟန်ထံမှ သိရသည်။ မြန်မာနိုင်ငံတွင် ခေတ်မီနည်းပညာများ တိုးတက်မြင့်မားလာသည်နှင့်အမျှ မြို့ပြ၊ ကျေးလက်ဒေသများပါမကျန် ခေတ်မီနည်းပညာဖြင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...