ပြည်တွင်းမှ
ပြည်ပသို့ ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ပထမဆုံးလေယာဉ် ခရီးစဉ်
အချိန်ဇယားနှင့် လက်မှတ်ကြည့်ရှု မှာယူနိုင်မည့် စနစ်ကို Android
မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း ၁-၈-၂၀၁၃ ရက်က
ကိုလံဘတ်စ် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
‘ဒီဆော့ဖ်ဝဲရဲ့ ထူးခြားချက်တွေကတော့ မြန်မာပြည်ကနေ စထွက်သော
လေကြောင်းလိုင်းတွေရဲ့ အချိန်ဇယားတွေဖြစ်တယ်။ ဒီ Appolication မှာဆိုရင်
မြန်မာပြည်ကနေ စထွက်မယ့် လေကြောင်းလိုင်းတွေကို ကြည့်ရှု စုံစမ်းနိုင်မှာ
ဖြစ်ပါတယ်။
ကြိုတင်
လက်မှတ်ကိုလည်း SMS စနစ်ကို အသုံးပြုမှာယူနိုင်အောင်
SMS Service နဲ့ ဒီဆော့ဖ်ဝဲကို လင့်ချိတ် ထားလို့ပါပဲ။ ပြီးတော့ လက်မှတ်
မှာယူချင်သူတွေလဲ ဒီ App ကနေ လေကြောင်း ခရီးစဉ် နေ့ရက်၊ အချိန်စာရင်းတွေကို
ကြည့်ပြီး မိမိသွားချင်တဲ့ လေယာဉ်နေ့ရက် အချိန်နေရာတွေကို SMS ဖြင့်
တိုက်ရိုက် ကြိုတင်မှာယူနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့
SMS ထဲကို လက်မှတ်မှာထားတဲ့ အကြောင်းအရာတွေ အားလုံးဝင်ရောက်လာရင်
ကျွန်တော်တို့က ဝယ်ယူမယ့် သူတွေကို ဘယ်သွားချင်တာလဲ ဈေးနှုန်းကတော့
ဒီလောက်ရှိတယ်ဆိုတာကို Follow up ပြန်လိုက်ပြီး SMS ပြန်ပို့ပေးမှာပါ။
နောက်တစ်ခုက သတင်းတွေပါ။
ကိုလံဘတ်စ်က
ဘာတွေလုပ်နေတယ် နောက်ဘာတွေ
အသစ်ရှိလဲဆိုတာ အသစ်ရှိရင် ကျွန်တော်တို့က Update လုပ်ပေးမှာပါ။ Online
ဖွင့်လိုက်တိုင်း သူ့ဘာသာသူ Update တက်လာပါလိမ့် မယ်။ နောက်ပြီး
လေကြောင်းလိုင်းတွေရဲ့ ရုံးခန်းတွေ အကြောင်းပါ။ ရန်ကုန်မြို့ ကနေ
ပြေးဆွဲနေ တဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ ရုံးဖုန်းနံပါတ်တွေ
လေဆိပ်ဖုန်းနံပါတ်တွေ အားလုံးဒီအထဲမှာ ရှိပါတယ်” ဟု ကိုလံဘတ်စ်
ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ ကိုလှမျိုးက ပြောသည်။
အဆိုပါ Android
Application လိုချင်သူများအနေဖြင့် Google play တွင် Myanmar Flight ဟု
ရိုက်ရှာလျှင် ကိုလံဘတ်စ် Logo ရွတ်လှေလေးဖြင့် ကျလာမည်ဖြစ်ပြီး
ရန်ကုန်မြို့ရှိ Bluetooth ကော်နာ များနှင့် နာမည်ကြီး ဖုန်းဆိုင်များတွင်
ကိုလံဘတ် ဆော့ဖ်ဝဲကို အခမဲ့ ရယူနိုင် မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၈
ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
From:ခေတ်လူငယ်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...