Pages

Monday, August 19, 2013

ဝေးကွာနေသော ချစ်သူ၏ နှလုံး ခုန်သံကို ကြားနိုင်သော application သစ် သုတေသီများ ထုတ်လုပ်

ဝေးကွာနေသော ချစ်သူများ အတွက် တစ်ယောက်၏ နှလုံး ခုန်သံကို တစ်ယောက်က နားထောင်နိုင်သော application သစ်တစ်ရပ်ကို သုတေသီများက ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

အသုံးပြုသူများ အနေဖြင့် Pillow Talk လက်ပတ်ကြိုးနှင့် ဗြိတိန်ဒီဇိုင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် Little Riot ကုမ္ပဏီမှ တီထွင်ထားသော application တို့ကို ချိတ်ဆက်ခြင်းဖြင့် မိုင်ပေါင်းများစွာ ဝေးကွာနေသော ချစ်သူ၏ နှလုံးခုန်သံကို ကြားရမည် ဖြစ်သည်။


Pillow Talk လက်ပတ်ကြိုးသည် ၀တ်ဆင်ထားသူ၏ နှလုံးခုန်သံကို ဖမ်းယူပြီး ယင်းနှလုံး ခုန်သံကို Bluetooth မှတစ်ဆင့် iOS သို့မဟုတ် Android application သို့ ပေးပို့၍ ယင်းမှတစ်ဆင့် ချိတ်ဆက် ထားသူထံသို့ ပေးပို့ပေးခြင်းဖြင့် ချိတ်ဆက်ထားသူ နှစ်ဦးစလုံးသည် နှလုံးခုန်သံများကို နားဆင်နိုင်မည် ဖြစ်သည်။

Pillow Talk လက်ပတ်ကြိုး တီထွင်မှု စီမံကိန်းသည် You Tube ပေါ်တွင် ပရိသတ် ၇၅၀၀၀၀ ကျော်၏ ထောက်ခံမှုကို ရရှိထားပြီး ကမ္ဘာတစ်ဝန်းတွင် ကြိုက်နှစ် သက်သူ ထောင်ပေါင်းများစွာရှိကြောင်း Little Riot ကုမ္ပဏီကပြောကြားခဲ့သည်။  

မြ၀တီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...