Pages

Saturday, August 3, 2013

ကုန်သင်္ဘော ခါးကျိုးပြီး ဧရာဝတီမြစ်အတွင်း နစ်မြုပ်

ဟင်္သာတ၊ သြဂုတ် ၂

ဟင်္သာတခရိုင် မြန်အောင်မြို့ အမှတ် (၆) ရပ်ကွက် ဂုန်လျှော်ဂိုဒေါင် လမ်း မြစ်ကမ်းနှင့် ကိုက် ၅၀ ခန့်အကွာ ဧရာဝတီမြစ်အတွင်း သြဂုတ်လ ၁ ရက်နေ့ ည ၇ နာရီ ဝန်းကျင်တွင် မြစ်ကျောက်များ တင်ဆောင်လာသည့် ကုန်တင် ရေယာဉ် တစ်စင်း ခါးကျိုး နစ်မြုပ်ကြောင်း မျက်မြင်များထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ရေယာဉ်မှာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးပိုင် မြင်းကောင်ရေ ၂၅၀ အားရှိ နောက်တွန်း သံထည် တစ်ထပ် ရေယာဉ် ဖြစ်ကြောင်း သွားရောက် ကြည့်ရှုခဲ့သည့် ယင်းရပ်ကွက် တာဝန်ရှိသူက
ပြောကြားသည်။

ကျပ် ၁၅ သိန်းခန့် တန်ဖိုးရှိ မြစ်ကျောက် ၈၇ ကျင်း (တန်ချိန် ၃၄၈ တန်) တင်ဆောင်လာသော ရေ
ယာဉ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းရေယာဉ်ပေါ်တွင် ရေယာဉ် မောင်းနှင်သူ အပါအဝင် ငါးဦး လိုက်ပါ လာပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်နှင့် သာကေတ မြို့နယ် မှ နှစ်ဦး၊ ပြည်မြို့မှ တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ် မှ နှစ်ဦး ဖြစ်ကာ ထိခိုက် ဒဏ်ရာ မရရှိကြောင်း မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်း သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...