Pages
▼
Friday, August 2, 2013
စန္ဒကူးကျောင်းတော်ရာ ဘုရားကို ဘုရားဖူးငါးများ ရောက်ရှိလာ
မကွေးတိုင်း ဒေသကြီး၊ ပွင့်ဖြူမြို့နယ် စန္ဒကူး ကျောင်းတော်ရာ ဘုရားကို ဘူရားဖူးငါးများ ရောက်ရှိ လာပြီ ဖြစ်သည်ဟု စေတီတော် ဂေါပကအဖွဲ့၏ တာဝန်ရှိသူ ဦးကြည်စိုး ပြောကြားခဲ့သည်။
"ဒီနှစ်ဘုရားဖူးလာတဲ့ ငါးအရေ အတွက် အနည်းအများကိုတော့ ခန့်မှန်းလို့ မရသေးဘူး ရက်အနည်း
ငယ်တော့ စောင့်ကြည့်ဖို လိုသေးပါသေးတယ်။
အခုအချိန်မှာတော့ မန်းချောင်း ထဲကို ၀င်ရောက်လာတဲ့ ငါးကြီးတွေဟာ အစာကျွေးရာမှာ ခေါင်းဖော်
စား တာမျိုးကို မပြုလုပ်ကြသေးပါဘူး။ ငါးအမြီး၊ ဆူးတောင်တွေနဲ့ရေယက် တွေတော့ ရေပေါ်မှာ ပေါ်
တာကိုတွေ့နေရပါပြီ"ဟု ဦးကြည်စိုးက ဆိုသည်။
ဘုရားဖူးငါးကြီးများထဲမှ တစ်ကောင်က ခေါင်းဖော်၍ အစာစားပြီဆိုလျှင် ကျန်ငါးများပါ ခေါင်းဖော်ခြင်း
ဖြစ်ပြီး ၎င်းအချိန်မှ အရေအတွက်ကိုခန့်မှန်းနိုင် မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဘုရားဖူး ငါးမျိုးအစားတွင် ငါးထွေငါး အမျိုးအစား တစ်မျိုးတည်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အနယ်
နယ်အရပ်ရပ် ကဘုရားဖူးများလည်း ဆန္ဒကူးကျောင်းတော်ရာ ဘုရားဖူးငါးများ ငါးစာကျွေး ပွဲတော်ကို
လာရောက်နေကြပြီ ဖြစ်ကြောင်း ဦးကြည်စိုးကဆက်လက်ပြောကြား ခဲ့သည်။
ဘုရားပွဲ တော်ကာလတွင် နှစ်စဉ်နှစ်တိုင်းငါးကြီးများက ၀ါဆိုလပြည့်နေ့က စ၍ သီတင်းကျွတ်လကွယ်
အထိ ၀ါတွင်းသုံးလလုံး မုန်းချောင်းထဲ၌ ဘုရားဖူး လာကြသည်ဟု ယုံကြည်ကြသည်။
SkyNet TV Browser


No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...