Pages

Saturday, August 24, 2013

ကုလား အကြမ်းဖက်သဖြင့် ထွက်ပြေးလာသည့် ရခိုင်ဒုက္ခသည်များ အရေးပေါ်အကူအညီလိုအပ်

Photo: 
                    
ခင်မောင်အေး
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အကြမ်းဖက်ခံရမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရခိုင်မျိုးနွယ်စုဝင် ဒုက္ခသည်မိသားစု ၁၈ စု (လူဦးရေ ၉၀ကျော်) အတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း လူမှုကူညီ စောင့်ရှောက်ရေးအသင်း (တောင်ပြိုလက်ဝဲ) ၏ ပြင်ပ ဆက်သွယ်ရေး တာဝန်ခံ ဦးထွန်းထွန်းဝင်းက ပြောကြားသည်။

မောင်တောခရိုင် မြောက်ပိုင်း တောင်ပြို လက်ဝဲမြို့နယ်ခွဲသို့ သြဂုတ်လ ၂၁ ရက်နေ့က ထွက်ပြေး တိမ်းရှောင်လာသည့် အဆိုပါ ဒုက္ခသည် များကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် နေရာ ချထားပေးထားပြီး ဆန်၊ ဆီ၊ ဆား စသည့်ရိက္ခာ များကို ထောက်ပံ့ပေးထားကြောင်း၊ လတ်တလောတွင် အိုး၊ ခွက်၊ ပန်းကန်၊ အဝတ်အထည်စသည့် အရေးပေါ် အထောက်အပံ့များ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ၎င်းကဆိုသည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်တန်းဒေသ၊ ဘန်ဒရိုဘန်ခရိုင်၊ အလယ်ခေါင်တောင် မြို့နယ်တွင်းရှိ ဘောရိဝ၊ စွန်ချောင်း၊ တာလဘိန်ညာ၊ ချိန်နာရီ စသည့်ရွာများမှ ထွက်ပြေးလာသူများ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုက်ခိုက်ခံရခြင်း၊ လယ်မြေလုခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းစသည် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒုက္ခသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။

၂၀၁၂ ခုနှစ်မှ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ရခိုင်မျိုးနွယ်စုဝင် ၁၄၀၀ ကျော်ရှိပြီး ၎င်းတို့ကို မောင်တောမြို့နယ်တွင် ဒုက္ခသည်များအဖြစ် သတ်မှတ်ကာ လက်ခံထားသည်။

From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...