၁။ သွေးလွန်တုပ်ကွေးရောဂါဆိုတာ ဘာလဲ။
သွေးလွန်တုပ်ကွေး ဗိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပွားရသောရောဂါဖြစ်တယ်။
ရောဂါလက္ခဏာများဖြစ် ဖျားခြင်း၊ ခန္ဓာကိုယ်အနှံ့အပြား
အနီအစက်အပြောက်လေးများပေါ်ခြင်း၊ ရောဂါအခြေအနေဆိုးပါက
သွေးလန့်သောလက္ခဏာများဖြစ်သည့် ခြေဖျား၊ လက်ဖျားများ
အေးစက်ပြီးသွေပေါင်ချိန်ကျခြင်း၊ ကော်ဖီရောင်အရည်များအန်ခြင်း၊
သတိလစ်ခြင်းစသည်တို့ဖြစ်ပေါ်နိုင်ပါတယ်။ ဗိုင်းရပ်(စ်)ပိုး (၄)မျိုးရှိ
တဲ့အတွက် တစ်ကြိမ်ဖြစ်ရုံနဲ့ ရောဂါမပြီးဘူး။ ၃-၄ကြိမ်ဖြစ်နိုင်ပါတယ်။
၂။ ရောဂါဖြစ်နိုင်ချေရှိပြီး အန္တရာယ်ရှိတဲ့အုပ်စုက ဘယ်သူတွေလဲ။
ကလေးငယ်များတွင် အဖြစ်များပြီး၊ အသက်အရွယ်၊ ကျား/မ
မရွှေးဖြစ်ပွားနိုင်ပါတယ်။
၃။ ဒီရောဂါဖြစ်မှန်း ဘယ်လိုမလဲ။
သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီတွင် အဖြစ်များပါတယ်။ HESS TEST ခေါ်
လက်မောင်းတွင် အနီအစက်အပြောက်လေးများ ဖြစ်ပေါ်မှုကို တိုင်းတာခြင်း၊
သွေးဖောက်စစ်ဆေးခြင်းစသည်ဖြင့် ရောဂါဖြစ်ကြောင်း သေချာအောင်
စမ်းသပ်စစ်ဆေးနိုင်ပါသည်။
၎။ ခေတ်မီရောဂါကုထုံး ဘာတွေရှိလဲ။
ဗိုင်းရပ် (စ်)ပိုးကြောင့် ဖြစ်သည့်အတွက် အဓိကဖြစ်ပွားရခြင်း
အကြောင်းအရင်းကို မကုသနိုင်ဘဲ ရောဂါလက္ခဏာများ သက်သာရုံ သာ ကုသနိုင်ပါတယ်။
သွေးလန့်ခြင်းအတွက် သွေးပေါင်ချိန်ပြန်တက်လာအောင် သွေးရည်ကြည်ပမာဏများစေသော
ဆေးရည်များသွင်း ရပါတယ်။ ကာကွယ်ဆေးကတော့ စမ်းသပ်နေတဲ့
အဆင့်သာရှိနေပါသေးသည်။
၅။ ဒီရောဂါဖြစ်နေတယ်လို့ သိပြီးရင် ဘာတွေ လုပ်ရမလဲ။
ရောဂါဖြစ်မှန်းသိပြီးရင် ဖျားပြီး (၇)ရက်လောက်အကြာမှာ အဖျားကျသွားတတ်ပါတယ်။
အဲဒီအချိန်မှာ မပေါ့ဆသင့်ဘဲ ကလေးလန်း ရဲ့လားဆိုတာ သတိထားကြည့်ရပါမယ်။
ကော်ဖီမှုန့်အရောင်လို မည်းမည်းတွေ အန်မယ်၊ ခြေသလုံးတွေ၊ လက်မောင်းတွေ
အေးစက်လာ ပြီဆိုရင် နေ့ဖြစ်စေ၊ ညဖြစ်စေ အချိန်မစောင့်ဘဲ
ချက်ချင်းဆေးရုံကိုတက်ရပါမယ်။ ဒါဟာသွေးလန့်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဖျားနေစဉ်
(၇)ရက်အတွင်းမှာ ကလေးမလန်းဆန်းလျှင်၊ အဖျားကြီးလျှင်၊ အစာနှင့်အရည်
သိပ်မ၀င်လျှင် ဆေးရုံ၊ ဆေးခန်းကို ပြန်ပြရပါမယ်။
၆။ အများပြည်သူအား မှာကြားချင်သော အဓိကကျတဲ့ အကြံပေးချက်။
သွေးလွန်တုပ်ကွေးရောဂါဟာ နေ့အချိန်မှာ ကိုက်တတ်တဲ့ခြင်ကျားက
တစ်ဆင့်ကူးစက်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေ နေ့လယ်အိပ်တဲ့အခါမှာလည်း
ခြင်ထောင်နဲ့သိပ်သင့်ပါတယ်။ အဖျားကျဖို့အတွက်
အက်စပရင်ပါတဲ့ဆေးတွေမတိုက်သင့်ပါဘူး။ ပါရာစီတမော တိုက်သင့်ပါတယ်။
အရည်များများတိုက်ရပါမယ်။ အရည်ဆိုတာက နို့၊ ဖျော်ရည်အမျိုးမျိုး၊
စွပ်ပြုတ်၊ ဓါတ်ဆားရည်။ ရေနှင့် အဖတ်စားနိုင်လျှင်လည်း ကျွေးရပါမယ်။
နောက်ပြီး အထူးမှာချင်တာက အဖျားကျဖို့အတွက်ဆိုပြီး ကလေးရဲ့စအိုဝမှာ
အပ်နဲ့ဖောက်ပြီး သွေးတွေကိုထုတ်တဲ့ကိစ္စ (မက်ကလောင် ဖောက်တယ်လို့ပြောကြတယ်)
လုံးဝ မလုပ်သင့်ပါဘူး။ တချို့ကလေးလူနာတွေဟာ သွေးလွန် တုပ်ကွေးရောဂါကြောင့်
သေဆုံးရတတ်ပါတယ်။
သုတဘဏ်

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...