Pages

Tuesday, August 6, 2013

ရှစ်လေးလုံး ငွေရတုကို ၃ ရက်တိုင်တိုင် ခမ်းခမ်းနားနား ကျင်းပသော်လည်း ဒေါ်စု နောက်ဆုံးနေ့ မွန်းလွဲပိုင်းမှသာ ခဏလေး လာမည်

ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပမည့် ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၈ ရက် မွန်းလွဲပိုင်းတွင် တက်ရောက်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အစည်းအဝေး ကျင်းပနေချိန် ဖြစ်သောကြောင့် အဆိုပါ အခမ်းအနားသို့ တက်ရောက်ရန် ၈ ရက် မွန်းလွဲပိုင်းမှသာ နေပြည်တော်မှ လေကြောင်းခရီးဖြင့် လာရောက်မည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်လည်းဖြစ်သူ ဒေါက်တာတင်မျိုးဝင်းက ပြောပါသည်။

''ရှစ်လေးလုံး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ၈ ရက်နေ့ မွန်းလွဲလောက်မှ တက်မှာ။ ၈ ရက်နေ့ကျတော့ သူတို့ရဲ့ အစီအစဉ်က ၁၂ နာရီမှစမှာ။ အန်တီစုက အဲဒီနေ့ တစ်နာရီကျမှ ဆင်းလာမှာ ဒီတော့ နှစ်နာရီခွဲလောက်မှ ဒီကိုရောက်မယ်'' ဟု ဒေါက်တာတင်မျိုးဝင်းက သြဂုတ် ၄ ရက်က ရန်ကုန်မြို့ရှိ NLD ၏ အမျိုးသား ကျန်းမာရေးကွန်ရက်ရုံးတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အား သြဂုတ် ၈ ရက်တွင် ကျင်းပမည့် ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ တက်ရောက်ရန်အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီနှင့် ဦးသက်ဇော်တို့သည် ဇူလိုင် ၂၉ ရက်က နေပြည်တော်သို့ သွားရောက် ဖိတ်ကြားခဲ့သည်။


From : ..eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...