ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ
ဆေးကုသမှုခံယူနေတဲ့
အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်နေတယ်လို့
သိရပါတယ်။ ဆိုတေး ကျန်းမာရေး အခြေအနေ နဲ့ပတ်သက်ပြီး
သူ့ရဲ့ပရိသတ်တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။
လတ်တလောမှာ
အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဆိုတေး
ကို အနီးကပ် ပြုစုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို
ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာပြောနေကြတာတွေက မဟုတ်ပါဘူး။
ဆိုတေးက သတိပဲမရသေးတာ
ပါ။စကားတော့မပြောနိုင်သေးပါဘူး။ပါးစပ်မှာပိုက်ကတပ်ထားတုန်းပဲ။ ခါတိုင်း
ထက်စာရင် လက်တွေလှုပ်တယ်၊ခေါင်းလှုပ်တယ်။ခေါင်းလှုပ်တယ်ဆိုပေမယ့်
သတိရတယ်လို့လည်း ပြောလို့မရသေးဘူး။ဖြစ်ဖြစ်ချင်းထက်စာရင်
တော်တော်အခြေအနေတိုးတက်လာပါတယ်" လို့ ပြောပါတယ်။
အပြင်မှာပြောနေကြတဲ့ ကောလာဟလများကြောင့် ဆိုတေးကျန်းမာရေး အခြေအနေကို
စိတ်ပူကာ အားလုံး က ဆိုတေး မိသားစုများအားဖုန်းဆက်မေးနေကြပြီး
မိုးလင်းကတည်းက ဒီသတင်းတွေကို ပြန်လည်ဖြေရှင်း နေရတယ်လို့
ဆိုတေးရဲ့အဒေါ်ဖြစ်သူ ဒေါ်ချို က ပြောပါတယ်။
ခိုင်ဝေလွင်
Popular Journal

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...