ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နှစ်က
ဗုံးခွဲတိုက်ခိုက်ရန်ကြံစည်
ခဲ့သော အီရန်နိုင်ငံသားနှစ်ဦးကို
ထိုင်းအစိုးရက ထောင်ဒဏ်ပြစ်ဒဏ်များ
ချမှတ်ခဲ့ကြောင်း CNN သတင်းတွင်
ဖော်ပြထားသည်။
ယမန်နှစ်က
အီရန်နိုင်ငံသားနှစ်ဦးသည် ထိုင်းနိုင်ငံ၏မြို့တော်ဘန်ကောက်
တွင်ဗုံးခွဲရန်ကြိုးစားခဲ့သော်လည်းတစ်ဦးသည်ထွက်ပြေးစဉ်ဖောက်ခွဲရေး
ပစ္စည်းတစ်ခုကိုယူဆောင်ပြေးခဲ့ခြင်းကြောင့်၎င်း၏ခြေနှစ်ဖက်ကို
ထိခိုက်
သွားခဲ့ပြီး ဖြတ်ပစ်ခဲ့ရသည်။
အသက်၂၉ နှစ်အရွယ်
ဆာအစ်မိုဒါရီကို လူသတ်ရန် ကြိုးပမ်းမှု၊
ပေါက်ကွဲစေမှုနှင့်
သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကိုချိုးဖောက်မှုဖြင့်
ထိုင်းတရားရုံးကထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပြီးအသက်၄၅နှစ်အရွယ်
မိုဟာမက်ခါဇာအီ
ဆိုသူကို ပေါက်ကွဲစေမှုနှင့် ပြည်သူပိုင်နှင့် ပုဂ္ဂလိက
ပိုင်ပစ္စည်းများ
ထိခိုက်ပျက်စီးစေမှုဖြင့် ထောင်ဒဏ် ၁၅ နှစ် အသီးသီး
ချမှတ်ခဲ့သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုသည် ထိုင်းနိုင်ငံဘန်ကောက်ရှိအစ္စရေးသံရုံးကို
ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အစ္စရေးကပြောကြားသော်
လည်းအီရန်အစိုးရက
ငြင်းဆိုထားသည်။ထို့ပြင် အဆိုပါ ပေါက်ကွဲမှု
နှင့်
ပတ်သက်၍ သံသယရှိသူ ငါးဦးတွင် သုံးဦးမှာထွက်ပြေးလွတ်မြောက်
လျက်
ရှိကြောင်း
ထိုင်းအစိုးရက ပြောကြားသည်။
အဆိုပါ လွတ်မြောက်နေသူ
ငါးဦးတွင်တစ်ဦးမှာ မလေးရှားသို့
ထွက်ခွာမည့် လေယာဉ်ပေါ်သို့
ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး
ကျန်နှစ်ဦးမှာလည်း
ထွက်ပြေးလွတ်မြောက်နေဆဲ
ဖြစ်ကြောင်း
ထိုင်းအစိုးရက ပြောကြားသည်။
မလေးရှားသို့
ထွက်ပြေးသွားသော ဇာဒတ်ဆိုသူကို မလေးရှားတွင်
ယမန်နှစ်က မလေးရှားရဲက
ဖမ်းဆီးထားသော်လည်း ထိုင်းနိုင်ငံသို့
လွှဲပြောင်းပေးရန်ကိုမူ မလေးရှား
အဆင့်မြင့်တရားရုံးက ဆိုင်းငံ့
ထားသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...