Pages

Tuesday, August 27, 2013

မြွေများက အန္တရာယ်ပေးသော အိမ်ငှားများဖြစ်နေ

Photo:  
ကမ္ဘာပေါ်တွင် ဩစတြေး လျနိုင်ငံမှ မြွေများသည် အဆိပ် အတောက်အပြင်းဆုံး မြွေများ ဖြစ်ပြီး ဩစတြေးလျမိသားစုများ သတိပြု တွေ့ရှိနိုင်ခြင်းမရှိအောင် နေနိုင်ကြသည့် ထိတ်လန့်ချောက် ချားစရာ အိမ်ငှားများသဖွယ်ဖြစ် နေကြသည်ဟု သိရသည်။

ဩစတြေးလျနိုင်ငံသည် အဆိပ်အပြင်းဆုံး မြွေမျိုးစိတ် များထဲမှ အချို့နေထိုင်ရာ အရပ် ဖြစ်ခဲ့ပြီး မြို့ပြများမှာပင် ရှင်သန် လျက်ရှိသည်ဟု ဆိုသည်။


ထိုမြွေများမှာ မြို့ပြရှိ အ မှိုက်ပုံးများထဲမှနေ၍ ကြွက်များ ကဲ့သို့သော သားကောင်များကို ညှို့ငင်ဖမ်းစားမှု ပြုကြသည်ဟု ဆိုသည်။ ဆစ်ဒနီလူမျိုး မြွေအ လမ္မာယ်ဆရာဖြစ်သည့် အင်ဒရူး မဲရို့စ်၏အဆိုအရ အချို့သော မြွေများသည် ဆောင်းရာသီ ကာ လ၌ နွေးထွေးသော အမိုးများ အောက်တွင် မည်သည့်အနှောင့် အယှက် တစ်စုံတစ်ရာမပေါ်မီအ ထိ ခွေလျက်နေကြသည်။


ဩစတြေးလျနိုင်ငံတွင် မြွေ များသည် အိမ် သို့မဟုတ် ဥယျာဉ် အတွင်း နှစ်အတန်ကြာနေထိုင် တတ်ကြပြီး အိမ်ပိုင်ရှင်က အိမ် ပြန်လည် မွမ်းမံတည်ဆောက်သည့် အခါမျိုးမှသာ မြွေများရှိကြောင်း သိကြရသည်။


မြွေများနှင့် လူများကို သေ စေနိုင်သော သတ္တဝါများသည် ကျေးလက်အရပ်ဒေသများတွင် အများဆုံး နေထိုင်ကြသော်လည်း မြို့ပြများတွင်သာ ထိုသတ္တဝါများ ကြောင့် လူသေဆုံးမှု ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ မြွေကိုက် ခံရ၍ သေဆုံးမှုများအနက် ၂၀၀၃ ခုနှစ်က မဲလ်ဘုန်းမြို့ရှိ စပျစ်သီး များကို မက်မောတွယ်တာလေ့ ရှိသော အမျိုးသမီးကြီး တစ်ဦး သည် ကျားမြွေတစ်ကောင် ကိုက် ၍ အသက်ဆုံးရှုံးခဲ့ရပြီး ၂၀၀ရ ခုနှစ်က ဆစ်ဒနီမြို့တွင် ဆယ်ကျော် သက် ယောက်ျားလေးတစ်ဦးသည် အထိတ်တလန့်နှင့် ထွက်ပြေးရာမှ မြွေကိုက်ခံခဲ့ရသည်။

From : ..YMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...