အရပ် ၇ ပေ ၁ဝ လက်မရှိသည့် အခရိုမီဂ လီရောဂါသည် ကိုဝင်းဇော်ဦး အားကုသရာတွင်
နည်းလမ်းနှစ် မျိုးရှိသည့်အနက် ခွဲစိတ်ကုသရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း
သိရသည်။
ကိုဝင်းဇော်ဦးအား ဆေး ဆက်လက်ကုသနိုင်ရန်အတွက် ဩဂုတ် ၁၅ရက်တွင်
စင်ကာပူနိုင်ငံ အထွေထွေ ရောဂါကုဆေးရုံ ကြီး SGH သို့ ပို့ဆောင်ပေးခဲ့ရာတွင်
အဆိုပါဆေးရုံမှ ဆရာဝန်ကြီး များအဖွဲ့နှင့် ပါမောက္ခ ဒေါက်တာ
ခင်မောင်ဝင်းတို့ ဩဂုတ် ၂၃ရက်တွင်တွေ့ဆုံဆွေးနွေးပြီးနောက် ကုသရန်
နည်းလမ်းနှစ်မျိုးရှိခဲ့ပြီး ဆေးသောက်မည်ဆိုပါက တစ်လလျှင် ကျပ်သိန်း
၆၀ဝကျော်ခန့် ကုန်ကျနိုင်မည်ဖြစ်ပြီး အောင်မြင်ရန် မသေချာသည့်အတွက်
ခွဲစိတ်ကုသရန်ဆုံးဖြတ်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။
''ကိုဝင်းဇော်ဦးရဲ့အခြေအနေကို စင်ကာပူမှာစစ်ဆေးလိုက် တော့
ကြီးထွားမှုဟော်မုန်းနဲ့ IGF တွေက တအား များနေပါတယ်။ ဒီလိုများနေတာကို
ကုဖို့ကတော့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ဟော် မုန်းထွက်တဲ့အကျိတ်ကို
ခွဲထုတ် တာနဲ့ ဆေးနဲ့ကုတာပါ။ ဒီနှစ်ခု ကိုယှဉ်ကြည့်ဆွေးနွေးတော့ ဆေး
နဲ့ကုတာဟာ ကြီးထွားမှုဟော်မုန်း ကို တိုက်ဖျက်တဲ့ဆေးပေးရမှာ ပါ။ တစ်လကို
ကျပ်သိန်း ၆၀၀ လောက်ကုန်ကျပြီးတော့ အောင် မြင်မယ်၊ မအောင်မြင်ဘူးလို့လဲ
မသိနိုင်ပါဘူး။ ခွဲစိတ်ဖို့နည်းကတော့ အကောင်းဆုံးဖြစ်ပေမယ့်လဲ ဝင်းဇော်ဦး
ကျတော့ အခက်အခဲနည်းနည်းရှိနေပေမယ့် သူကလဲ ခွဲဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်''ဟု '
Save Win Zaw Oo ' အဖွဲ့ခေါင်း ဆောင် ပါမောက္ခ ဒေါက်တာခင် မောင်ဝင်းက
ပြောသည်။
ကိုဝင်းဇော်ဦးမှာ အရပ် နည်းနည်းစီ ထပ်ရှည်နေသေးပြီး စင်ကာပူတွင် MRI
ရိုက်ကြည့်ရာတွင် ရန်ကုန် ပင်လုံဆေးရုံကြီးတွင် ဦးခေါင်းပိုင်း CT ရိုက်၍
ဓာတ်မှန် ပါရဂူ ဒေါက်တာအေးချမ်း မှတ်ချက်ပေးထား သည့်အတိုင်း ပီကျူ တရီတွင်
အကျိတ်မရှိဘဲ အလွန်ပင် ထူးဆန်းစွာဖြင့် ပီကျူတရီ၏ အထက်ပိုင်း ဟိုင်ပို
သားလမတ်စ်တွင်ရှိနေသည်ကိုတွေ့ရကြောင်း ယင်းအခြေအနေကြောင့်
ခွဲစိတ်ရန်အတွက်မှာလည်း အခက်အခဲရှိနေခြင်းဖြစ်ကြောင်း
သိရသည်။''ပီကျူတရီအကျိတ်ခွဲတယ်ဆိုတာ သိပ်လွယ်ပါတယ်။ ဒါပေမဲ့
ဟိုင်ပိုသားလမတ်စ်မှာ ကပ် နေတဲ့ ကြီးထွားမှုဟော်မုန်းအ ကျိတ်ကိုခွဲတာမှာတော့
မလိုလား အပ်တဲ့ဖြစ် ရပ်တွေဖြစ်နိုင်ပါတယ်။ ခွဲစိတ်ရင်းနဲ့
ဟိုင်ပိုသားလမတ်စ် ကိုထိခိုက်မိရင် ဆီးသိပ်သွားတဲ့ ရောဂါနဲ့ မရပ်
မနားအစားလွန်ကဲ စားတဲ့ရောဂါလဲရနိုင်ပါတယ်။ ဒီဆိုးကျိုးနှစ်ခုလုံးကို
ကုသလို့ရပါတယ်။ လူနာနဲ့ လူနာရဲ့ယောက်ဖ ကိုရှင်းပြတဲ့အခါ သူတို့ကလဲ
ခွဲဖို့ကိုပဲ သဘောတူခဲ့ပါတယ်''ဟု ဦးခင်မောင်ဝင်းက ဆက်လက် ရှင်းပြခဲ့သည်။
လက်ရှိအချိန်တွင် ကိုဝင်း ဇော်ဦးအား ခွဲစိတ်နိုင်ရန်အတွက်
လိုအပ်သည့်ခုတင်အကြီး၊ မေ့ဆေး ပေးရန် လေပြွန်ထဲ ထည့်ရမည့် ပြွန်
စသည့်ကိရိယာများစုံလင်ပါ က လာမည့်အပတ်တွင် ခွဲစိတ် မည့်ရက်ကို
အကြောင်းကြားမည် ဖြစ်ပြီး အကယ်၍ ခွဲစိတ်မည့်ရက် သည် တစ်ပတ်အတွင်းဆိုလျှင်
ကိုဝင်းဇော်ဦးမှာ စင်ကာပူတွင် ပင်နေမည်ဖြစ်ပြီး ခွဲမည့်ရက်ကြာ မည်ဆိုပါက
မြန်မာပြည်တွင် ပြန် လည်နားမည်ဖြစ်ကြောင်း သိရ သည်။
ဆေးကုသရန်စရိတ်အတိ အကျကိုမသိသေးသော်လည်း မက်စ်မြန်မာမှ ဦးဇော်ဇော်က ကျပ်
သိန်း ၁၀၀ လှူထားပြီး ကမ္ဘောဇ ဘဏ် ဦးအောင်ကိုဝင်းမှလည်း သင့်တော်မည့်ပမာဏကို
လှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။
ကိုဝင်းဇော်ဦးခွဲစိတ်ရန် ကုန်ကျစရိတ် များပြားနိုင်သည့်အတွက်
အသက်ကယ်နိုင်ရန် လှူနိုင်သရွေ့လှူဒါန်း ရန် ပန်ကြားထားပြီး ဆက်သွယ်လှူဒါန်းလို
ပါက ပါမောက္ခ ဦးခင်မောင်ဝင်း (အသည်း) ဖုန်း-၀၉-၈၆၀၁၃၄၅
သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...