Pages

Wednesday, August 7, 2013

ဆင်ဆာမဲ့ခွေများရောင်းချသူ၏ ကွင်းဆက်အရဆက်လက်ဖမ်းဆီးရာ ဆင်ဆာမဲ့ခွေ(၁)သိန်းကျော်ဖမ်းဆီးရမိ

Photoက်ရှိကြောင်း သတင်းရရှိပါသည်။
၃၁.၇.၂၀၁၃ ရက်နေ့၁၇၄၅ အချိန် တာမွေမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိနှင့်အဖွဲ့သည်ကျောက်တံတားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များဖြင့်ပူးပေါင်း၍ သက်သေများနှင့်အတူ တာမွေမြို့မရဲစခန်း(ပ)၃၁၇/၂၀၁၃၊ ဗီဒီယိုဥပဒေပုဒ်မ၃၂(က)/(ခ) အမှုအားကွင်းဆက်ဖေါ်ထုတ်စစ်ဆေးချက် အရ ကျောက်တံတားမြို့နယ်၊(၂)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ သန့်ဇင်(ဘ)ဦးမြင့်သိန်း၊ သာကေတမြို့နယ် နေသူ၏MOVIE MART ဆိုင်သို့ ၀င်ရောက်ရှာဖွေရာ ဆိုင်၏မြေညီထပ်မ ခေါက်စားပွဲ (၁၈)လုံးပေါ်တွင် ရောင်စုံပလပ်စတစ်ခြင်းမျိုးစုံ(၁၄၂)ခြင်းဖြင့် ထည့်လျက်နိုင်ငံခြားဆင်ဆာမဲ့ သီချင်း/ဇာတ်လမ်း/ ကာတွန်း ရုပ်ပုံများပါDVD ခွေမျိုးစုံ(၆၁၂၀၀)ချပ်၊ ငွေစက္ကူရောရာ (၁၆၀၀၀၀)ကျပ်၊ဆိုင်အပေါ်ထပ်မှMOVIE MARI လိပ်စာကဒ် (၅၀)ကဒ်နှင့် စုပုံထားသော ဆင်ဆာမဲ့နိုင်ငံ ခြားဇာတ်လမ်း/ကာတွန်း/သီချင်းရုပ်ပုံများပါDVD ခွေမျိုးစုံ (၄၁၉၄၀)ချပ်၊ စုစုပေါင်းDVDခွေမျိုးစုံ(၁၀၃၁၄၀)ချပ်အား တွေ့ရှိဖမ်းဆီးရမိသဖြင့် ဆင်ဆာမဲ့ခွေများ ရောင်းချသူ သန့်ဇင်အား ကျောက်တံတားမြို့မ ရဲစခန်း(ပ) ၂၇၄/၂၀၁၃၊ဗီဒီယိုဥပဒေပုဒ်မ ၃၂(က)/(ခ)ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

From : ..News of Myanmar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...