Pages

Saturday, August 31, 2013

~မြန်မာပြည်က ကျောက်နဂါးကြီး~

တစ်ချို့လည်းသိကြမှာပါ။မသိသေးသူတွေအတွက်ထပ်မံဖော်ပြလိုက်တာပါ။
ကျောက်နဂါးကြီးကို စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆင်ခေါင်းတောင်ရှိ၂၀၀၄ခုနှစ်မတ်လ၁၉ရက်နေ့က ဘိုးမင်းခေါင်ကိုယ်ပွားပုံတော်အတွက် ကျောက်ဖျာရှာရင်းတူးဖော်ရရှိခဲ့ကြောင်း၊အရှည် ၆၅ ပေရှိအင်ကြင် ကျောက်ကြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း လေးသန်းခန့် အင်ကြင်းပင်ကြီး လဲကျရာမှ ဖြစ်ပေါ်ခဲ့သော ပရိုင်းမိတ် အင်ကြင်းကျောက်ဖြစ် ရုပ်ကြွင်း ဖြစ်ကြောင်းရှေးဟောင်းသုတေသီများ ခန့်မှန်းချက်အရ သိရှိရ ပါသည်။


ကျောက်နဂါးကြီးမှာ အနောက်မှ အရှေ့သို့ တွားသွားနေဟန်သဘာဝအတွန့် ခုနစ်တွန့် ပါရှိပြီး မိမိလာရာ လမ်းကြောင်းကို သုံးသပ်သည့် ဟန်ဖြင့် ဦးခေါင်းနောက်ပြန်လှည့် ကြည့်သည့် အနေအထားဖြစ်နေကြောင်း သိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူးခရီးသည်များ နေ့စဉ်လာရောက် အဓိဋ္ဌာန်ဝင်ကြကြောင်း၊ကမ္ဘာ လှည့် ခရီးသည်များလည်းလာရောက် လေ့လာကြကြောင်း သိရှိရသည်။

ယုံကြည်သူ တွေကတော့ ကျောက်နဂါးနဲ့ ကျောက်ကလေး မှာအဓိဌာန်ပြုပြီး ဆုတောင်းကြတာဆုတောင်း ပြည့်သတဲ့။

ဘယ်လိုပဲဖြစ်ပါစေ မြန်မာနိုင်ငံရဲ့ သဘာဝ ကပေးတဲ့ အလှအပ၊ ထူးဆန်းမှု့တွေကိုတော့လမ်းကြုံရင် အလယ်တစ်ခေါက်လောက်တော့ သွားလေ့လာစေချင်ပါတယ်...

နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...