Pages

Friday, August 16, 2013

စွန့်စားလိုသူ အက်ရှင်ကြိုက် မမ တွေအားကျစရာ ရဲမေသင်တန်း

 
သြဂုတ် ၁၆ အမှတ်(၁)ရဲတပ်ရင်း(လှော်ကား)တွင် ၂၅-၂-၂၀၁၃ ရက်နေ့မှ ၁၆-၈-၂၀၁၃ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားခဲ့သည့် ရဲတပ်သားသစ်(အမျိုးသမီး)သင်တန်း အမှတ်စဉ်(၁၉/၂၀၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၀၇၃၀ အချိန်မှ ၀၉၁၀ အချိန်ထိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်မှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆု ရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
 
 အဆိုပါသင်တန်းသို့ သင်တန်းသား ၁၆၉ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအရာရှိများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ၊ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၃၇၄)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

From:[_ ရဲဇာနည်ဖေ့ဘုတ် _]

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...