Pages

Tuesday, August 20, 2013

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ သတိပေး

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ
အဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြှင့်တင်ရေး အခမ်းအနားတွင် ပြောသွားသည်။

"ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တော်ဖို့ကောင်းဖို့ အရေးကြီးပါတယ်။ ရှေးဦးစွာ ကျေးရွာတွေမှာ တရာဥပဒေစိုးမိုးအောင်၊ လောင်းကစားဝိုင်းတွေ၊ အရက်ပုန်းချက်လုပ်တာတွေ၊ ချဲထီဒိုင်တွေ၊ မူးယစ်ဆေးဝါးတွေ မရှိအောင် ထိထိရောက်ရောက်လုပ်ရပါမယ်။ သို့မှာသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုတွေကင်းစင်ပြီး တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေဖြစ်လာပြီး စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည်မဟုတ်ပါဘူး။ ရာထူးဆိုတာ အာဏာပြဖို့မဟုတ်ပါဘူး။" ဟု သမ္မတက ပြောသည်။

ယင်းအပြင် နေပြည်တော် ကောင်စီ ရှစ်မြို့နယ်အတွက် ချေးငွေ ကျပ် ၇၂၀၆.၇ သိန်း ထုတ်ချေးသွားမည်ဖြစ်ပြီး လက်တွန်းထွန်စက်၊ ထွန်စက်၊ ထော်လာဂျီ၊ ထရပ်ကား၊ အင်ဂျင်၊ မီးစက်၊ ရေစုပ်စက်၊ သုံးဘီးဆိုင်ကယ်၊ ပရိုဘောက်တက္ကစီကား၊ အပ်ချုပ်စက်၊ ဆိုက္ကားနှင့် မော်တော်ဆိုင်ကယ် စတဲ့ ပစ္စည်းတန်ဖိုး အပါအဝင် ကျပ်သိန်းပေါင်း ၁၂၅၈၂.၄၅ သိန်း ထုတ်ချေးပေးသွားမည်ဟု သမ္မက ပြောသည်။

သမ္မတ အလုပ်လုပ်ကြရန် တိုက်တွန်းရာတွင် "အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေကြရင်တော့ တစ်နေ့မှာ ဆင်းရဲမွဲတေမှုနဲ့ပဲ ပြန်ပြီး သံသရာလည်နေကြရအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ကြပါ၊ ဥပဒေနဲ့ညီညွတ်တဲ့ ဘယ်အလုပ်ကိုမဆို ရှက်စရာ၊ကြောက်စရာမရှိပါဘူး၊ ဂုဏ်ရှိပါတယ်" ဟု ဆိုသွားသည်။


From:mizziama

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...