Pages

Friday, August 2, 2013

မြဝတီရေကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်ဖြစ်


မြဝတီ နှင့် ကရင်ပြည်နယ်တွင်း သောင်းရင်းမြစ်ရေကြီးရကြီးရခြင်းမှာ ထိုင်းမှ ဆည်ဖောက်ချသောကြောင့်ဖြစ် တယ်လို့ သိရပါတယ်။ မြဝတီမြို့နဲ့ မဲဆောက်မြို့ကြားကနေ စီးဆင်းနေတဲ့ သောင်ရင်းမြစ်ဟာ တောင်ဘက်ကနေ မြောက်ဘက် ကို ပြောင်းပြန် စီးတဲ့မြစ်ဖြစ်ပြီး သောင်းရင်းမြစ် အထက်ပိုင်း ထိုင်းနိုင်ငံဘက်မှာ ဆည်တွေ တည်ဆောက်ထားပါတယ်။ အခုလို မိုးကြီးတဲ့ ကာလတွေမှာဆို ရေကာတာကျိုးမှာ စိုးတဲ့အတွက် ဆည်ဖောက်ချတာဖြစ်တယ်လို့ သိရပါတယ်။  မြဝတီ တစ်မြို့လုံး ရေနစ်ရတဲ့အပြင် မွန် နှင့် ကရင် ပြည်နယ် အနှံ့အပြား ရေဘေးဒုက္ခခံစားနေရပါတယ်။ အမှုမကင်းတဲ့ ထိုင်းအစိုးရမှ ကယ်ဆယ်ရေးသမား အချို့စေလွှတ်ခဲ့ပေမယ့် ထိရောက်မှုတော့မရှိဘူးသေးပါဘူး။ မြန်မာအစိုးရမှ ဆည်ဖောက်ချချိန်များတွင် ပြည်တွင်း ပြည်ပ မီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် ယခု ထိုင်းအစိုးရမှ ရေဖောက်ချခြင်းကိုတော့ ဘယ်မီဒီယာ၊ ဘယ်ပညာရှင်မှ ဝေဖန်ခြင်းမရှိသေးပါဘူး။ လက်တလောအားဖြင့် နယ်မြေခံတပ်များမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။


.. www.MyanmarExpress.net
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...