Pages

Sunday, August 11, 2013

ဘာသာမတူသော်လည်း လူမှုရေးတော့ နားလည်သင့်တယ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာ၌၊ ဒေါ်စိုးစိုးလွင် အသက် (၃၆) နှစ်၏ ဖြစ်ရပ်မှန် အတွေ့အကြုံလေးပါ။ ဒေါ်စိုးစိုးလွင်၏ ဖခင်အမည်က ဦးတင်ငွေ (ကန့်ဘလူ)ပါ။ မူဆလင်အစစ်ပါ။ အမိအမည်က ဒေါ်ခင်ပြုံး (ကောလင်း) ဇာတိပါ၊ ဗမာ/ဗုဒ္ဓ ဖြစ်ပါတယ်။ ဒေါ်ခင်းပြုံးက ဦးတင်ငွေနှင့် လက်ထပ်သောအခါ အစ္စလာမ်ဘာသာ ခံယူပါတယ်။

သားသမီးတွေရသည့်အခါမှာတော့ ဒေါ်ခင်းပြုံးက ဗုဒ္ဓဘာသာကို ပြန်လည်ကိုးကွယ်ပါတယ်။
ဦးတင်ငွေက မကြိုက်သော်လည်း မတားမြစ်ခဲ့ပါဘူး။ ဤသို့ဖြင့် သားဖြစ်သူက ဗုဒ္ဓဘာသာ၊ သမီးအကြီးဖြစ်သူက အစ္စလာမ်ဘာသာဝင်နှင့် အသီးသီး အိမ်ထောင်ကျသွားပါသည်။
အငယ်ဆုံး မစိုးစိုးလွင် ဗမာ/ဗုဒ္ဓ နှင့် အိမ်ထောင်ကျသွားသည့်အခါ ဦးတင်ငွေက ဒေါ်ခင်ပြုံးကို ကွာရှင်းပစ်လိုက်ပါတယ်။ ဘုရားသွားကျောင်းတက်သည့်အခါ ကလေးတွေကိုခေါ်သွားသောကြောင့် ဘာသာခြားနဲ့ ညားရတယ်ဆိုပြီး စိတ်ဆိုးကွာလိုက်တာပါ။ သမီးဖြစ်သူ မစိုးစိုးလွင်ကိုလည်း အိမ်မှနှင်ချလိုက်ပါတော့တယ်။

မစိုးစိုးလွင်က ကိုမျိုးတင့် ဇာတိဖြစ်သော အလ္လကပ္ပရွာသို့ ပြောင်းရွှေ့နေထိုင်ကာ ဗုဒ္ဓဘာသာခံယူလိုက်ပါတော့တယ်။ ဒီလိုနဲ့ မိခင်ကော ဖခင်ပါ ကွယ်လွန်သွားခဲ့ပါပြီ။ မိခင်ကွယ်လွန်စဉ်မှာ ပြုစုခွင့်ရခဲ့သော်လည်း၊ ဖခင်ကွယ်လွန်သည့်အခါ အသုဘကိုတောင် လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပါ။ ဖခင်၏ဆွေမျိုးများက ကန့်ကွက်သောကြောင့် ကန့်ဘလူးသို့ပင် သွားခွင့်မရခဲ့ပါ။

ယခုဆိုလျှင် ဖခင်ကြီး ဆုံးသွားသည်မှာ (၂) နှစ်ပင် ပြည့်ခဲ့ပါပြီ။ သားလေး စိုင်းဝဏ္ဏသည်ပင် အသက် (၉) နှစ် ပြည့်ခဲ့ပါပြီ။ ဒေါ်စိုးစိုးလွင်ဟာ ရွာသူရွာသားများထက် သီလမြဲပြီး ဝါတွင်းဖြစ်စေ ဝါပတ်ဖြစ်စေ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသောကြောင့် ရွာသူ/သားများက ကျွန်မကို လေးစားကြပါသည်။ သူမသည် စာရင်းငှားအလုပ်လုပ်ပြီး သူမခင်ပွန်းက ဖျာရက်ပါသည်။ ဖခင်နှင့် သမီးပင်ဖြစ်သော်လည်း၊ ဘာသာမတူရုံမျှဖြင့် ဖခင်၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မရခဲ့စဉ်က လွန်စွာထိုက်ခိုက် ခံစားခဲ့ရကြောင်း မျက်ရည်စက်လက်ဖြင့် ရင်ဖွင့်ရှာပါသည်။

ကမ္ဘာသူ ကမ္ဘာသားအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်ရကြပါစေ။
သားသမီးအခွင့်အရေး၊ လူ့အခွင့်အရေး၊ အိမ်ရှင်မ အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး 
အပြည့်အဝ ရရှိကြပါစေ။
 
From:Wira Thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...