Pages

Friday, August 16, 2013

ပြည်ပမှ တင်သွင်းလာသော ယာဉ်များအား စီအင်န်ဂျီဓာတ်ငွေ့ ပြန်လည် တပ်ဆင်ပေးမှု အစီးရေ ရှစ်ထောင်ကျော် ရှိလာ

ရန်ကုန် ၊ ၁၆-၈-၂၀၁၃
ယာဉ်အို ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက် အပါအ၀င် ပြည်ပမှ ၀ယ်ယူ တင်သွင်းထားသော ယာဉ် အရေအတွက် မှာ အဆိုပါ စီမံချက် စတင်သည့် ၂၅-၁၀-၂၀၁၁ မှ ၂၅-၇-၂၀၁၃ အထိ ၂၁ လတာ ကာလအတွင်း ယာဉ်စီးရေ ၁၉၄၂၇၆ သို့ ရောက်ရှိ ခဲ့ပြီဖြစ်ပြီး အဆိုပါ ယာဉ်များအနက် မူလ စီအင်န်ဂျီ ဓာတ်ငွေ့ အသုံးပြု ယာဉ်များအား ပြန်လည် တပ်ဆင်ပေးမှု လည်း အစီရေ ၈၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ကြောင်း သက်ဆိုင်ရာ မှ သိရသည်။
ယင်းကဲ့သို့ ပြန်လည် တပ်ဆင်ပေး ထားမှုတွင် စင်းလုံးငှား တက္ကစီယာဉ် ၇၄၈၆ စီး ၊ ခရီးသည်တင် ယာဉ် ၃၃၁ စီး ၊ ကုန်စည်တင် ယာဉ် ၂၄ စီး ၊ ကြိုပို့ယာဉ် ကိုယ်ပိုင်ယာဉ် စီးပွားသုံးယာ် ၉၂ စီး တို့ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းတွင် အဆင်ပြေ ချောမွေ့ စေရေးအတွက် စီအင်န်ဂျီ သဘာဝ ဓာတ်ငွေ့ ကုဗပေ တစ်သန်းကို သီးခြား အစီအစဉ် ဖြင့် ခွင့်ပြု ပေးခဲ့ရာ ယာဉ်အို ယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက် တွင် မပါဝင် သော်လည်း လာရောက် လျှောက်ထားသည့် ခရီးသည်တင် ယာဉ်များနှင့် စင်းလုံးငှား ခရီးသည်တင် ယာဉ် တက္ကစီ များကိုလည်း တပ်ဆင် ခွင့်ပြု ပေးနေပြီ ဖြစ်ကြောင်း သိရသည်။ စီအင်န်ဂျီ သဘာဝ ဓာတ်ငွေ့ ကုဗပေ တစ်သန်းသည် ခရီးသည်တင် အစီးရေ ၃၀၀ ခန့် အသုံးပြု နိုင်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ တစ်ဝန်းလုံး တွင် ယာဉ်စီးရေ ၂၇၄၇၈ စီး၌ စီအင်န်ဂျီ သဘာဝ ဓာတ်ငွေ့ကို တပ်ဆင် အသုံးပြု နေပြီး လက်ရှိ အသုံးပြု နိုင်သည့် ဆလင်ဒါ အိုးပေါင်း ၉ သောင်းကျော်ခန့် ရှိကြောင်းလည်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း စီအင်န်ဂျီ အသုံးပြုသည့် ယာဉ် စုစုပေါင်း ၂၆၀၀၀ ခန့် ရှိပြီး စီအင်န်ဂျီ သဘာဝ ဓာတ်ငွေ့ အရောင်း ဆိုင်ပေါင်း ၄၀ ရှိကြောင်း သိရှိရသည်။
 
MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...