Pages

Thursday, August 8, 2013

နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုကြောင့် တစ်လအတွင်း လူ ၂၅၀ ကျော်သေဆုံး

Photo: နိုည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဇူလိုင်လတစ်လအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင်တစ်လအတွင်း ယာဉ်မတော်တဆမှု ၁၀၈၀ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၅၂ ဦး ရှိခဲ့သဖြင့် တစ်ရက်အတွင်း လူရှစ်ဦးခန့် သေဆုံးလျက် ရှိကြောင်း၊ တစ်လအတွင်း ယာဉ်မတော် တဆမှုများကြောင့် လူ ၁၆၇၁ဦး ဒဏ်ရာရရှိကြောင်း အဆိုပါ ထုတ်ပြန်ချက် စာရင်းများအရ သိရှိရသည်။

ယင်းယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၃၅ ကြိမ်တွင် သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၃၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၇၃ ကြိမ်တွင် သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၃၁၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၃၄ မှုတွင် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၂၀၇ ဦး ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကားဖြင့်အတိုက်ခံရသူ အများစုသေဆုံးပြီး မန္တလေးတိုင်းဒေသကြီးတွင် ဆိုင်ကယ် မတော်တဆမှုများမှ လူငယ်အများစု သေဆုံးကြောင်း ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဆိုင်ကယ် မတော်တဆမှုများ ဖြစ်ပွားရခြင်းမှာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်း၊ အရည်အသွေး စံချိန်စံညွှန်းမမီသည့် ဆိုင်ကယ်ဦးထုပ်များ အသုံးပြုခြင်းကြောင့် ယာဉ်တိမ်းမှောက်ရာတွင် ခေါင်းထိခိုက် ဒဏ်ရာများနှင့် သေဆုံးမှု များကြောင်း ၎င်းကပြောကြားသည်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...