ရန်ကုန် ၊ သြဂုတ် - ၁၂
။ ။ ရခိုင်ပြည်နယ်သို့ လာရောက်သည့် မြန်မာ နိုင်ငံ
လူ့အခွင့်အရေးဆိုင်ရာ အ စီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
မစ္စတာသော မတ်အိုဟေးကင်တားနားကို အလို မရှိကြောင်း စစ်တွေ ဒေသခံ အ
များအပြားက ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်း သိရသည်။ လူမျိုးစုနှစ်ခု ပဋိပက္ခဖစ်
ပွားရာတွင် ဘင်္ဂါလီလူမျိုးများ အ ရေးကိုသာ ရှေ့တန်းတင်၍ ရခိုင်
တိုင်းရင်းသားများကို တန်းတူအ ခွင့်အရေး မပေးသည့် အစီရင်ခံ စာကို
ကမ္ဘာကုလသမဂ္ဂ တွင် တင်သွင်း ခဲ့သည့်အတွက် ယင်းအား လိုလား မှုမရှိသောကြောင့်
ယခုကဲ့သို့ ဆန္ဒ ထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့ သူ
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။
''သူက
အလုပ်လုပ်တဲ့ နေ ရာမှာ လူသားအားလုံးအတွက် အလုပ်လုပ်ရသူ ဖြစ်တယ်။ တစ်
ဦးသောသူကိုလဲ ပိုပြီးဆက်ဆံတာ မရှိဘူးလို့ ပြောတယ်။ ကျွန်မက လဲ
သူ့ကိုမေးတယ်။ အစီရင်ခံစာ မှာ ဘာလို့ တစ်ဖက်စောင်းနင်း ရေးလဲ။ အဲဒါဟာ
ကျွန်မတို့ရခိုင် လူမျိုးတွေရဲ့ သိက္ခာကို ကျဆင်း စေတဲ့အတွက်
ခုလိုဆန္ဒထုတ်ဖော် ရခြင်းဖြစ်တယ်လို့ ပြန်ပြောလိုက် တယ်''ဟု ကင်တားနားနှင့်
တိုက် ရိုက်စကားပြောလိုက်ရပုံကို ဒေါ်ညိုအေးက ရှင်းပြသည်။ ကင်တားနားသည် စစ်
တွေ လေဆိပ်သို့ ဩဂုတ် ၁၂ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး
ဆန္ဒထုတ်ဖော်ခြင်း ကိုလဲ ယင်းအချိန်တွင် အမျိုးသမီး ၁ဝဦးက
စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ကင်တား နား မောင်တောသို့
သွားရောက် ရန် 'မလိခ'ရေယာဉ်ဆိပ်သို့ ဆင်း လာသည့်အခါတွင်လည်း အဆို ပါ
ရေယာဉ်ဆိပ်တွင် အမျိုးသား၊ အမျိုးသမီးပေါင်း ၃၀ ကျော်က ထပ်မံ
ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် 'ဘင်္ဂါလီများကို
သွေးထိုးလှုံ့ဆော် သူ ကင်တားနား ထွက်သွား'၊ 'ကင် တားနား ပြဿနာကောင်
ဘင်္ဂါလီများကို သင်နှင့်အတူ ခေါ်သွား ပါ'၊ 'သင်၏ဘက်လိုက်သော အ
ကြံပြုချက်များကို အလိုမရှိ'၊ 'ဘင်္ဂါလီများအတွက် တစ်ဖက်သတ် ပွဲ စား
လာမလုပ်နှင့် ထွက်သွား'နှင့် 'လူ့အခွင့်အရေး အလွဲသုံးစားပြု သူ ကင်တားနား
ထွက်သွား'စ သည့် စာတန်းများကို ကိုင်ဆောင် ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်
ကြောင်း သိရသည်။ ယခုကဲ့သို့ ဆန္ဒထုတ်ဖော် ခြင်းမှာ ကင်တားနားတစ်ဦးတည်း ကိုသာ
ရည်ရွယ်ပြုလုပ်ခဲ့ခြင်း ဖြစ် သည့်အတွက် သက်ဆိုင်ရာမှ မည်
သည့်ခွင့်ပြုချက်မျှ မယူခဲ့ကြောင်း၊ အကယ်၍ ပြဿနာတစ်ခုခုဖြစ် ပေါ်လာပါက
သူ့အနေဖြင့် တာဝန် ယူဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ
ဒေါ်ညိုအေး က ပြောသည်။
မြန်မာနိုင်ငံသို့ ခုနစ်ကြိမ် မြောက်
လာရောက်သည့် ကင်တား နား၏ ၁၀ ရက်တာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊
ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ချင်း ပြည်နယ် များသို့သွားရောက်၍ ယင်းဒေသ
များအတွင်း လူ့အခွင့်အရေး ချိုး ဖောက်မှုများနှင့် သက်ဆိုင်သည် များကို
သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး
ယင်းဆွေးနွေးချက်များကို ကုလသမဂ0x081ဂ အထွေထွေ ညီလာခံ တွင် ဆွေးနွေးရန်
ပြန်လည်အစီ ရင်ခံသွားမည်ဖြစ်ကြောင်း သိရ သည်။
မာန်ယုကျော်
(ရွှေဝမြေ)

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...