Pages

Thursday, August 22, 2013

ဒဂုန်တာရာ အတွက် သမ္မတကြီး ဦးသိန်းစိန် ဝမ်းနည်း

ရန်ကုန်၊ သြဂုတ် ၂၁ - ငြိမ်း ချမ်းရေး စာရေးဆရာကြီး ဒဂုန် တာရာ၏ မိသားစုထံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပုဂ္ဂိုလ်ရေး ဝမ်းနည်းကြောင်းသဝဏ်လွှာ တစ်စောင်နှင့် ဆရာကြီး၏ဈာ ပနအတွက် ကူငွေ ကျပ်နှစ်သိန်း ကို သက်ဆိုင် ရာ ဒေသအာဏာ ပိုင်များမှတစ်ဆင့် ယနေ့ ညနေ ပိုင်းကပေးပို့ခဲ့ကြောင်း မိသားစု ဝင်တစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ပြောကြားသည်။

''အခုလေး တင်ပဲ စာအိတ် ဖွင့်ကြည့်လိုက်ပါတယ်။ သမ္မတ ကြီးထံက ဝမ်းနည်းကြောင်းသဝဏ် လွှာနဲ့ နာရေးကူငွေကျပ် နှစ်သိန်း ရယ်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ နာရေးကူညီငွေ ကျပ် တစ်သိန်း ရယ်ကို လက်ခံရရှိပါတယ်''ဟု အ ဆိုပါ မိသားစု ဝင်ကပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် ဆရာကြီးဒဂုန်တာရာအား အောင် ပန်းမြို့ မင်းဂူသုသာန်တွင် မီး သင်္ဂြိုဟ်ခဲ့သည်။ ဈာပနအခမ်း အနားသို့ ကျော်ကြားသော နိုင်ငံ ရေးသမားများ၊ စာပေအနုပညာ ရှင်များနှင့် ဆရာကြီးကို ချစ်ခင် သော ပြည်သူများက လိုက်လံ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။


From : ..မြဝန်းရံ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...