မုံရွာမြို့ နန္ဒ၀န် ရပ်ကွက်တွင် ယခုလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်အရွယ်
အမျိုးသမီး ငယ်လေး တစ်ဦးအား နေအိမ်၌ ထမင်းချက် အလုပ်ပေးမည် ဟုဆိုကာ
ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေ ခဲ့သဖြင့် အိမ်ရှင်လင်မယား အား
ရဲတပ်ဖွဲ့မှ အရေးယူ ခဲ့ရကြောင်း မုံရွာ အမှတ်(၂) ရဲစခန်းရှိ တာဝန်ကျ
ရဲအရာရှိ တစ်ဦးမှ ပြောကြား သည်။
“ ပြည့်တန်ဆာ လုပ်ငန်းအတွက် ခိုင်းစေခဲ့တာ ဖြစ်ပါတယ်..၊
ဒီအလုပ်ကို
မလုပ်ဘူး ဆိုခဲ့ရင် ရိုက်နှက်မယ် လို့လည်း အိမ်ရှင်ဖြစ်သူ ကအဲ့ဒီ ကောင်မလေး
အပေါ်မှာ ခြိမ်းခြောက် ပြောဆိုခဲ့တာ တွေရှိတယ်လို့ အသက် ၁၆ နှစ်အရွယ်
မမေသူဇော် က အမှုစစ် ရဲအရာရှိထံ ထွက်ဆို ခဲ့တယ် ..” ဟု ၎င်းရဲအရာရှိက ဆက်လက်၍
ပြောပြသည်။
အမှုစစ်ရဲအရာရှိ ရဲအုပ် မောင်မောင်မြင့် ၏ ပြောပြချက်များ အရအဆိုပါ
မိန်းကလေး ငယ်သည် မုံရွာခရိုင် ကနီမြို့နယ် ၊ ကဲတောင်ကျေးရွာ မှဖြစ်ကြောင်း
၊ လွန်ခဲ့သော တစ်လ ၀န်းကျင်ခန့်က အမည်မသိ ဆိုင်ကယ် အငှား လိုက်သူ
လူတစ်ဦးမှ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နေ ကိုအရှည်ကြီး (ခေါ်)
ကိုဇော်မင်းလွင် ၎င်း၏ ဇနီး မထား (ခေါ်) မစန်းစန်းနွယ် ဆိုသူတို့၏ နေအိမ်၌
ထမင်းချက် အလုပ်အား လုပ်ကိုင် နေထိုင်ရန် ပို့ဆောင်ပေး ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
၎င်း နေအိမ်သို့ မမေသူဇော် စတင် ရောက်ရှိသည့် ညတွင် ထမင်းချက် အလုပ်အား
စေခိုင်ခြင်း မရှိဘဲ အိမ်၏ နောက်ဖေး အခန်းအတွင်း ၌ အမည်မသိ အမျိုးသား
တစ်ဦးနှင့် မတရား သဖြင့် ကာမစပ်ယှက် ခိုင်းခဲ့သည်ဟု မမေသူဇော်မှ အမှုစစ်
ရဲအရာရှိထံ ထွက်ဆိုခဲ့သည်
ဟုသိရသည်။
အိမ်ရှင် လင်မယားတို့က လည်း နောက်ရက်များတွင် ယင်းကဲသို့ မပြုလုပ်ခဲ့ပါက
ရိုက်နှက်မည်ဟု ခြိမ်းခြောက် ပြောဆိုမှုများ ရှိခဲ့သည့် အတွက် ၎င်းနေအိမ်
သို့ရောက်ရှိ လာသော အမျိုးသား များဖြင့် နေ့စဉ်လိုလို ပြည့်တန်ဆာ
လုပ်ငန်းအဖြစ် ကာမစပ်ယှက် ပေးခဲ့ရန် အိမ်ရှင် လင်မယားမှ အတင်းအဓမ္မ
စေခိုင်းခဲ့သဖြင့် အဆိုပါ အမျိုးသမီးငယ်မှ ပြုလုပ်ပေး ခဲ့ရသည်ဟု ဆိုသည်။
ယခုလ ၂၆ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အိမ်ရှင် လင်မယား နေအိမ်၌ အလုပ်ရှုပ်
နေစဉ် အဆိုပါ မိန်းကလေး ငယ်သည် အိမ်နောက်ဖေး၌ အပေါ့စွန့်ရန် သွားဦးမည်ဟု
ဆိုကာ ထွက်ပြေး လွတ်မြောက် လာခဲ့ပြီး နောက် မုံရွာအမှတ် (၂) ရဲစခန်း သို့
လာရောက်၍ သူမ၏ ဖြစ်စဉ်အား ဖွင့်ဟပြောဆို ၍ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ထိုအမှုဖြင့် ပတ်သက်၍ မမေသူဇော်၏ တိုင်တန်းချက် အပေါ် ရဲစခန်းက (ပ)၃၇၉/ ၂၀၁၃
ပြစ်မှုပုဒ်မ ၃၇၃ အရ ရေးဖွင့် လက်ခံခဲ့ပြီး အိမ်ရှင် လင်မယား နှစ်ဦးအပေါ်
အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
From:meg
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...