သကြားရည်ဖြင့် ပလုတ်ကျင်းခြင်းဖြင့် ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူပြုနိုင်
သကြားရည်ဖြင့် ပလုတ် ကျင်းပါက မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု
ပိုများလာကြောင်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာ တက္ကသိုလ်မှ သုတေသီများက
ပြောကြားသည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု စွမ်းရည်အား စမ်းသပ်ရာတွင်
သုတေသီ များက နည်းလမ်းနှစ်သွယ်ကို အသုံးပြုခဲ့သည်။
ပထမစမ်းသပ်နည်းမှာ ကိန်းဂဏန်း စာရင်းအင်းများဖြင့် ရောထားသော စာအုပ်မှနေ၍
'E' ဆိုသော စာလုံး ကို ကြက်ခြေခတ်ခြင်း ဖြစ်သည်။ နောက်စမ်းသပ်မှုတွင်မူ
သကြားနှင့် အချိုဖောက်ထားသော သံပရာရည်
(သို့မဟုတ်)ဓာတုဗေဒ အချိုဓာတ်ဖြင့် ပြုပြင်ထားသော သံပရာရည်ဖြင့်
ပလုတ်ကျင်းပြီးနောက် တီဗီဖန်သား ပြင်ပေါ်တွင် ပေါ်လာသော စာလုံးများ၏အရောင်ကို
မှန်ကန်စွာ ခွဲခြားခိုင်းခြင်းဖြစ်သည်။
ဂလူးကို့စ် အချိုရည်အား ခန္ဓာကိုယ်အတွင်း ရောက်ရှိသွားပါက မိမိကိုယ်ကို
ထိန်းချုပ်နိုင်မှု ပိုလာသည်ဟု သုတေသီများက တွေးခေါ်လေ့ ရှိသည်။ ထို့အတွက်
ယင်းသို့ စမ်းသပ်ခဲ့ခြင်းဖြစ်ရာ အချိုဓာတ်က လျှာတွင် ရှိသော
အာရုံခံတစ်ရှူးများကို လှုံ့ဆော်ရာမှ ဦးနှောက်မှ ထိန်းချုပ်ရေး
အစိတ်အပိုင်းအား သက်ဝင် လှုပ်ရှား လာစေသည်ဟု ဂျော်ဂျီယာတက္ကသိုလ်မှ
ပါမောက္ခမာတင်က ပြောကြားသည်။
7Day News Journal

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...