Pages

Thursday, August 15, 2013

အိန္ဒိယရေငုပ်သင်္ဘော ပေါက်ပွဲမှုဖြစ်ပွား သင်္ဘောသား ၁၈ ဦး ပိတ်မိနေ

 
အိန္ဒိယရေတပ် ၏ INS Sindhurakshak အမည်ရှိ ရေငုပ်သင်္ဘော သည် သြဂုတ်လ ၁၄ ရက် အစောပိုင်းတွင် အိန္ဒိယနိုင်ငံ မွမ်ဘိုင်း ရေတပ်သင်္ဘောကျင်း ၌ ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း နှင့် အဆိုပါ ရေငုပ်သင်္ဘော အတွင်း သင်္ဘောသား ၁၈ ဦး ပိတ်မိနေသည်မှာ စိုးရိမ် ရဖွယ်ရှိကြောင်း ဆင်ဟွာ သတင်းတစ်ပုဒ်အရ သိရသည်။

အဆိုပါ ပေါက်ကွဲမှုသည် သြဂုတ်လ ၁၃ ရက် ညလယ်ပိုင်း ၁၂ နာရီခန့် တွင် ဖြစ်ပွားခဲ့ပြီး တစ်ဆက်တည်း မှာပင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရေတပ် တာဝန်ရှိသူ များ၏ ပြောကြားချက် အရ သိရသည်။ မွမ်ဘိုင်း မီးသတ် တပ်ဖွဲ့နှင့် ဆိပ်ကမ်း ဆိုင်ရာ ထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့တို့မှ မီးသတ်ကား အနည်းဆုံး ၁၆ စီးသည် အခင်း ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာခဲ့ပြီး အောင်မြင်စွာ မီးငြိမ်းသတ် နိုင်ခဲ့သော်လည်း အဆိုပါ သင်္ဘောပေါ်တွင် ပိတ်မိနေသော သင်္ဘောသား ၁၈ ဦးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေဆဲ ဖြစ်ကြောင်း နှင့် ဒဏ်ရာရရှိ သူများကို ဆေးကုသမှု ခံယူရန် အတွက် အိန္ဒိယ ရေတပ်၏ Asvini ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ် နှင့် ပတ်သက်၍ အိန္ဒိယ ရေတပ် တာဝန်ရှိ သူများက ရေငုပ်သင်္ဘော အတွင်းရှိ တော်ပီဒိုများ ပေါက်ကွဲ၍ မီးလောင်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...