စုပေါင်းလုပ်ကိုင်မှုဆိုတဲ့ Team Work ဖော်ဆောင်မှုဟာ
အသင်းအဖွဲ့အစည်းတိုင်းအတွက် မရှိမဖြစ်လို အပ်လှပါတယ်။ တစ်ယောက်အားထက်
အများစုအားကို အခြေပြုကာ စုစည်းညီညွတ်မှုဖြင့် လုပ်ငန်းဆောင်
တာအောင်မြင်ပြီးမြောက်မှုတွေရယူပိုင်ဆိုင်နိုင်တာ Team Work ရဲ့
အားသာချက်တစ်ခုပါပဲ။ အဲဒီလို ပြယုဂ်တွေကို
ညွှန်းဖော်ဆိုရာမှာရုပ်ရှင်ဗီဒီယိုလောကသား၊ဂီတလောကသား တွေနဲ့ သဘင်လောကသား
တွေရဲ့ စုပေါင်းလုပ်ကိုင်မှုအခြေပြုကာ
အနုပညာလုပ်ငန်းတွေဆောင်ရွက်ခြင်းတွေပဲဖြစ်ပါတယ်။
ဒါကြောင့် အနုပညာရှင် တွေရဲ့ စုပေါင်းလုပ်ကိုင်မှုဆိုတဲ့ Team
Workဖော်ဆောင်လုပ်ကိုင်မှုအပေါ် အမြင် သဘောထားတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
ဒါရိုက်တာဗန်းကြီး
" စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ စုပေါင်းခြင်းဆိုတာက ဘာပဲပြောပြော
အင်အားပဲလေ။ နွားကွဲရင်ကျားဆွဲ သလိုပေါ့။ ဘယ်လောကပဲဖြစ်ဖြစ်၊
ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ညီညွတ်မှုရှိရင်တော့ အကောင်းဆုံးပါပဲ။
မိသားစုမှာလည်း ဒီသဘာပါပဲ။ အဖွဲ့အစည်းသော်v
လည်းကောင်း၊နိုင်ငံသော်လည်းကောင်း ဘက်စုံစုပေါင်း ညီညွတ်နေမှ
အဆင်ပြေအောင်မြင်မှာလေ။ ဇာတ်ကားတစ်ကားရိုက်မယ်ဆိုလည်း ဒါရိုက်တာ တစ်ယောက်
ပဲတော်နေရင်လည်း မဖြစ်ဘူး။ သရုပ်ဆောင်တွေရော၊ ဇာတ်ညွှန်း၊
ဇာတ်လမ်းပိုင်းတွေပါဘက်စုံကောင်းပြီး ပါဝင်တဲ့သူတွေလည်း
စုပေါင်းပြီးအင်နဲ့အားနဲ့လုပ်မှ ဇာတ်ကား ကောင်းတစ်ကားဖြစ်လာမယ်။
အဲဒီလိုပဲ ဘယ်အလုပ်ပဲ ဖြစ်ဖြစ် စုပေါင်းမှသာ
အင်အားတစ်ခုလိုဖြစ်ပြီးအောင်မြင်မှုကိုရမှာပါ။ လူကြီးလူငယ် ပေါင်းစည်း
ပြီးလုပ်ရင်လည်း လူကြီးကရှေ့မီနောက်မီဖြစ်တဲ့သူ၊ လူငယ်ဆိုတာကလည်း
တက်ကြွတဲ့စိတ် ဓာတ် ခွန်အားတွေရှိတဲ့အတွက် စုပေါင်းလုပ်ကိုင်ရင်တော့
အောင်မြင်မှုတွေရမှာပါ"
နေတိုး
" ကားတစ်ကားကောင်းဖို့ဆိုတာ Team Work ရှိမှပဲလေ။ ဇာတ်ကားတစ်ကားက
သရုပ်ဆောင်ကြီးတွေပဲ ပါလို့လည်း ကောင်းချင်မှ ကောင်းမှာလေ။ အနုပညာမှာက
မျိုးစုံပါတော့ဒါရိုက်တာနဲ့လည်း တစ်ယောက် နဲ့
တစ်ယောက် သဘော ပေါက်နားလည်ရမယ်။ကျွန် တော့်ဘဝမှာပေါက်ခဲ့တဲ့ကား
တော်တော်များများက Team Work ရှိခဲ့လို့ပဲ သရုပ်ဆောင်ရဲ့အလုပ်သဘော သဘာဝ
ကိုလည်း ကျန်တဲ့ဒါရိုက်တာ၊စက်အဖွဲ့တွေက သိနေမှာ လည်း ဖြစ်သလို ကျန်တာတွေ
လည်း အတူတူပဲ။ ဒါမှ အားလုံး စုပေါင်းညီညာပြီး အောင်မြင် ဖို့
အရှိန်ရှိလာမှာပေါ့။"
ဝတ်မှုန်ရွှေရည်
ကစ်တို့ အလုပ်ဆိုတာ Team Work ပဲလေ။ အဲဒါကြောင့် တစ်ယောက်တည်းကောင်း
နေလို့မရဘူး။ ဇာတ်ကားတစ်ကားဖြစ်ဖို့အတွက် မင်းသား၊ မင်းသမီး၊ ဇာတ်ပို့၊
ဇာတ်ရံ၊ ဒါရိုက်တာ၊ ဟာသသရုပ်ဆောင် တွေ၊ စက်အဖွဲ့သားတွေ အကုန်လုံး Team Work
ရှိမှ အလုပ်တစ်ခုဆိုတာ အောင်မြင် တာ။ Team Work မရှိရင် ဆားမခတ်ထားတဲ့
ဟင်းလိုမျိုးပဲ ပေါ့နေမှာ။
အကုန်လုံးက သူ့အခန်းကဏ္ဍ၊ သူ့အစိတ်အပိုင်းနဲ့သူ အရေးပါနေတာပါပဲ။ နောက်
သရုပ်ဆောင်နဲ့မိတ်ကပ် ဆရာဆိုတာလည်းခွဲလို့မရဘူး။
အကုန်လုံးစည်းစည်းလုံးလုံးနဲ့ကောင်းစေချင်တဲ့ စေတနာနဲ့ လုပ်ကြမှ
ကားကောင်းတစ်ကား ဖြစ်တာလေ။ အဓိကကတော့ စေတနာပါပဲ။ စေတနာကောင်း
ကောင်းနဲ့လုပ်ရင် ရလဒ်ကောင်းရတာပါပဲ"
ဟိန်းဝေယံ
" ကျွန်တော်တို့ အနုပညာ အလုပ်က တစ်ယောက်တည်းနဲ့လည်း ရပ်တည်လို့မရဘူး။
အနုပညာတစ်ခုကို ပုံဖော် ဖန်တီးတဲ့အခါမှာ အဖွဲ့အစည်း နဲ့လုပ်ရတာဆိုတော့
ကိုယ်တစ် ယောက်တည်း လည်း ကောင်းနေလို့ မရဘူး။ အားလုံးက သူ့နေရာနဲ့သူ
တာဝန်ကျေဖို့ လည်း လိုအပ်တယ်။ ဒါရိုက်တာကအစ စက်အဖွဲ့အဆုံး
အကုန်လုံးအရေးကြီးပါတယ်။ အကုန်လုံး သူ့နေရာနဲ့သူ ကောင်းနေမှ အားလုံးအဆင်
ပြေနေမယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ ကြည့်တဲ့အခါ မှာ ကားကောင်းတစ်ကားရဖို့
အတွက် တစ်ဦးတစ်ယောက် တည်း ကောင်းလို့မရပါဘူး။ စုပေါင်းပြီး ကြိုးစားမှ
အဆင် ပြေတာပါ။
အနုပညာအလုပ် မှ မဟုတ်ပါဘူး။ တခြားအလုပ် တွေ လည်း စုပေါင်းပြီးလုပ်ရင်
ပိုအဆင်ပြေပါတယ်။ တစ်ယောက်တည်းမဟုတ်ဘဲနဲ့ အားလုံးစုပေါင်းပြီးတော့
အဖွဲ့လေးနဲ့တက်ညီလက်ညီ အင်နဲ့အားနဲ့ လုပ်ရင်တော့ အကောင်းဆုံး ဆိုတဲ့
ရလဒ်တော့ရမှာပါ။"
ချစ်သုဝေ
" အစ်မတို့ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ ရုပ်ပြစကားပုံလေး အတိုင်းပဲပေါ့။
ထင်းချောင်းတစ်ချောင်းကို ချိုးရတာ လွယ်ပေမယ့် ထင်းချောင်းအားလုံးကို
စုထားလိုက်ရင် ချိုးရတာ မလွယ်တော့ဘူး။ အဲဒီသဘော လေး အတိုင်းပါပဲ။
တစ်ယောက်တည်း အားထက် စုပေါင်းတဲ့ အရာကပိုပြီး effective ဖြစ်တယ် ဆိုတာမှန်
တယ်။ ဘယ်အခါ မှာပိုပြီး effective ဖြစ်လဲဆိုတော့ တစ်ယောက်စီတစ် ယောက်စီရဲ့
ခွန်အားတွေ သူတို့ရဲ့ စွမ်းအားတွေက အပြည့် အဝအသုံးချနေမယ်ဆိုရင်တော့
ထိပ်ဆုံးရောက်ဖို့ပဲရှိတယ်။ စုပေါင်းထားပြီးတော့ အောင်မြင်ဖို့ဆိုတာကလည်း
ဒီစုပေါင်းထားတဲ့ အစုအဖွဲ့မှာပါဝင်တဲ့ တစ်ဦး တစ်ယောက်စီရဲ့အရည်အချင်း တွေ
စွမ်းအားတွေကလည်း သိပ်အရေးကြီးပါတယ်။ "
ဝါဆိုမိုးဦး
" အခုဆိုရင် ညီမတို့ ပါဝင်ခဲ့တဲ့ ရွှေမန်းပွဲမှာလည်း စုစုစည်းစည်းနဲ့
အားကြိုးမာန် တက်လုပ်ကြတာကို တွေ့ရတယ်။ ဘာပဲပြောပြော အဲဒီလိုမျိုး
စုစုစည်းစည်းနဲ့ အလုပ် တစ်ခုလုပ်ရင်ရင်းနှီးမှုတွေ ပိုရတယ်လို့ ညီမမြင်တယ်။
အလုပ်တစ်ခုကို စုစည်းပြီး ဆောင်ရွက်ရင် အကျိုးအများကြီးရမယ်လို့ ညီမထင်တယ်။
ဘယ်အလုပ်မဆို စုစည်းပြီးလုပ်ရင် ပို အောင်မြင်မှုရရှိနိုင်မယ်။
ဇာတ်ကားရိုက်ရင်လည်း အဘက်ဘက်က ဝိုင်းဝန်းကူညီမှ ရုပ်ရှင်တစ်ကားရတာလေ။
အလုပ်တစ်ခုကို "ငါလုပ်မှ ဖြစ်မယ်" ဆိုတဲ့ တစ်ကိုယ်ကောင်း စိတ်
လည်းမဖြစ်စေချင်ဘူး။
အကုန်လုံးတစ်စုတစ်ဝေးတည်းလုပ်မှ အကျိုးရှိမှာ။ နိုင်ငံတစ်ခုကောင်း
ဖို့ဆိုတာ အကုန်လုံးစုပေါင်းပြီး တက်ညီလက်ညီလုပ်ကြမှကောင်း တဲ့
နိုင်ငံတစ်ခုဖြစ်လာမှာလို့ မြင်မိပါတယ်"
Popular Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...