နံနက် အိပ်ရာထ၍ မျက်နှာသစ်တော့မည်ဆိုပါစို့...။
မျက်နှာမသစ်မီ ရေတစ်ခွက်ခပ်ယူ ပြီးသည်နှင့်-
(၁) ဤမျက်နှာသစ်သောရေကို ကိလေသာအပူကင်းတော်မူသော မြတ်စွာဘုရားအား ကပ်လှူပါ၏
ဘုရား..။(ဒါန၊ ဗုဒ္ဓါနုဿတိ)
(၂) ဤရေကဲ့သို့ သတ္တ၀ါများ ကြည်လင်အေးမြကြပါစေ...။ (မေတ္တာ)
(၃) မျက်ဝတ်ထွက်ခြင်း၊ ခံတွင်းမှ အပုပ်ရေစီးကျခြင်း စသည်ကြောင့် အမြဲတမ်း
ဆေးကြောသုတ်သင်နေရသော ဤခန္ဓာကိုယ်ကြီးသည် စက်ဆုပ်ရွံရှာဖွယ် အတိပါတကား...။
(အသုဘ
ဘာဝနာ)
(၄) အင်း....တစ်ရက်တစ်ညတော့ ငါ၏အသက်မြဲခဲ့ရပြီ၊ ထွက်လေ မ၀င်ခင်၊ ၀င်လေ
မထွက်ခင် နံနက်နေ
့ညမရွေး သေနိုင်ပေသည်တကား...။ (မရဏာနုဿတိဘာဝနာ)
ဤသို့ ကျင့်ဝတ်လုပ်ထားပါမူကား မြတ်စွာဘုရားရှင်၏ တရားတော်သည်
အလွန်လွယ်ကူလှပါပေ၏။
လက်တွေ့စမ်းကြည့်ပါက ပြောပြ၍မရနိုင်အောင်သော လောကီ လောကုတ္တရာ
အကျိုးစီးပွားတို့ကား များပြားလှတော့သည်။ (ဓမ္မာစရိယဦးဌေးလှိုင်၏
ရတနာသုံးပါးကျေးဇူးစာအုပ်မှ တင်ပြသည်)
နှင်းဆီဖူးလေးများ-Love BUDS

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...