Pages

Thursday, August 15, 2013

ခွဲထားလျှင် ပိုကွဲကြောင်း ကုလ ပြောပြီးနောက်တစ်ရက်တွင် ထိုင်းအစိုးရက ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား အခြားသူများနှင့် ခွဲထားရန် စီစဉ်

Photo: ထိုင်းအစိုးရကသည်။ ထိုင်းနိုင်ငံ တစ်ဝန်းရှိ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား ယာယီ အဆောက်အအုံ များဆောက်လုပ်၍ ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် တို့တွင် ထားရှိရန် အစိုးရ၏ စီစဉ်မှုကို ဒေသခံများက ကန့်ကွက်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အစိုးရအနေဖြင့် ထိုကဲ့သို့ တစ်စုတစ်စည်းတည်း ထားရှိရန် ဆောင်ရွက်မည် ဆိုလျှင် ပြဿနာများ ပိုမို ပေါ်ပေါက် လာနိုင်ကြောင်း နှင့် ၎င်းအစီအစဉ် ကို ကန့်ကွက်ကြောင်း ရတ်ချာဘူရီ နှင့် တက်ခ်ပြည်နယ် မှ ကိုယ်စားလှယ် များက ပြောကြား ခဲ့သည်။ အဆိုပါ အစီအစဉ်အား ထိုင်းလူမှု ဖွံ့ဖြိုး တိုးတက်ရေး နှင့် လုံခြုံရေး ၀န်ကြီး ပါဗီနာ ဟောင်ဆတ်ကူ က အဆိုပြုခြင်း ဖြစ်ကြောင်း နှင့် ဘင်္ဂါလီများ နှင့် ပတ်သက်၍ မည်ကဲ့သို့ အထောက်အကူ ပေးနိုင်မည် ဆိုသည့် ကိစ္စရပ် နှင့် ပတ်သက်၍ ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများအား စုစည်း ထားရှိခြင်း အားဖြင့် ကုလသမဂ္ဂ က ကြီးကြပ် ကွပ်ကဲမှု ပြုလုပ်ရာတွင် အဆင်ပြေ ချောမွေ့စေမည် ဖြစ်ကြောင်း ပါဗီနာ က ပြောကြား ခဲ့သည်။ သို့ရာတွင် ဘန်သမ်းဟင် ဒုက္ခသည် စခန်း ထားရှိမှုကြောင့် ဖြစ်ပေါ်နေသည့် ပြဿနာများကို ထောက်ပြ၍ အစိုးရ၏ အဆိုပါ အစီအစဉ်အား ရတ်ချာဘူရီ ပြည်နယ်ရှိ သမ်ဘွန်ဆူအမ်ဖန်း အုပ်ချုပ်ရေး အဖွဲ့ အကြီးအကဲ က ကန့်ကွက် ပြောကြား ခဲ့သည်။

အဆိုပါ ဒုက္ခသည်စခန်းသည် ပြည်နယ်၏ အဓိက ရေအရင်းအမြစ် ဖြစ်သည့် မြစ်၏ မြစ်ညာတွင် တည်ဆောက် ထားသည့်အတွက် ဒေသခံများက စိတ်ပျက်လျက် ရှိပြီး ၄င်း ဒုက္ခသည် စခန်းအား ပြောင်းရွှေ့ပေးရန် ဆန္ဒ ရှိနေကြကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ထို့အပြင် မြို့နေ လူထု အနေဖြင့်လည်း ပြဿနာရပ်များ ပေါ်ပေါက် လာမည်ကို မလိုလားသည့် အတွက် ၄င်း ဘင်္ဂါလီများ ထားရှိမည့် ကိစ္စရပ်ကို မနှစ်မြို့ ကြကြောင်း သိရသည်။ အစိုးရ အနေဖြင့် ၄င်း အစီအစဉ်ကို ပြန်လည် သုံးသပ်မှု ပြုလုပ်ရန် သွမ်းဘွန်ဆူအမ်ဖန်း ကျေးရွာ အကြီးအကဲ က တိုက်တွန်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။
 
From : ..mwdnews

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...