ရန်ကုန်မြို့၌ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန်
KIA ထိန်းချုပ်ရာ ကချင်ပြည် နယ် လိုင်ဇာမြို့ အခြေစိုက် ABSDFမြောက်ပိုင်း
ကိုယ်စားလှယ်အဖွဲ့ဝင်များ ယမန်နေ့ နေ့လည်ပိုင်းက တရုတ်ရွှေလီမြို့မှ
ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည် ။
ယခုလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ခေါ်) ABSDF
နှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီတို့ အပစ်အခတ်
ရပ်စဲနိုင်ရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ရာ ABSDF မှ ကိုယ်စားလှယ် ၃၅
ဦးအနက် မြောက်ပိုင်းကိုယ် စားလှယ် ၅ ဦး ပါဝင်တက်ရောက်ခြင်း ဖြစ်သည် ။
“ယခင် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေတုန်းကတော့
မြောက်ပိုင်းကိုယ်စားလှယ်တွေမပါဘူး။ အခုဆွေးနွေး ပွဲကတော့
ပြည်ထောင်စုအဆင့်အရင်ဆွေးနွေးထားတဲ့ အချက်တော်တော်များများကို
အစိုးရကိုယ်စားလှယ်
ဘက်ကသဘောတူထားတယ်။အဲဒီကိစ္စတွေကိုပဲထပ်ဆွေးနွေးမယ်ထင်တယ်
”ဟုမြောက်ပိုင်းကိုယ်စားလှယ် ခေါင်းဆောင် စစ်ရေးတာဝန်ခံ ဦးအောင်ဆွေဦးက
ပြောသည် ။
အဆိုပါ ဆွေးနွေးထားသော အချက်များမှာ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့်နှင့်
တစ်နိုင်ငံလုံး အတိုင်း အတာဆောင်သည့်အဆင့်ဟူ၍ အပိုင်း ၃ ပိုင်း
ခွဲခြားထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မငြိစွန်းသည့်
အချက်များကို အစိုးရဘက်မှသဘောတူလက်ခံကြောင်း သိရသည် ။
ယခင်ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့
ကိုယ်စားလှယ်များ၏ လမ်းခရီး အတွက်
တာဝန်ယူနိုင်ခြင်းမရှိသဖြင့်မြောက်ပိုင်းအဖွဲ့အနေဖြင့် ဆွေးနွေးပွဲများသို့
တက်ရောက် နိုင်ခြင်းမရှိ
ခဲ့သော်လည်း ယခုတစ်ခေါက် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမှာ
နှစ်ဘက်အပစ်ရပ်စဲရေးလက်မှတ်ထိုးမည့် အလားအလာများရှိနေကြောင်း လေ့လာ သူများက
သုံးသပ်နေသည် ။
Panglong(Burmese)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...