Pages

Friday, August 2, 2013

၈၈ လေးလုံး ငွေရတု ဗကသ တက်ရောက်မှာ မဟုတ်

လာမယ့် သြဂုတ်လ ၆ ရက် နေ့ကနေ ၈ ရက်နေ့ အထိ ရန်ကုန်မြို့မှာ ကျင်းပမယ့် ၈ လေးလုံး ငွေရတု အခမ်းအနားပွဲကို ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် ဗကသ က တက်ရောက်မှာ မဟုတ်ကြောင်း အခမ်းအနား ကျင်းပရေး လုပ်ငန်း ကော်မတီ ကနေလည်း နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။



အစွန်းရောက်နေသည့် ဗကသ ဗဟို လုပ်ငန်း ကော်မတီ ဥက္ကဌ ကိုကျော်ကိုကို က အစိုးရ အဖွဲ့ဝင်တွေက တက်ရောက် စကားပြောမှာ ဖြစ်တယ်လို့လည်း သိရကြောင်း  ဆိုပါတယ်။ ပွဲကျင်းပတဲ့ အနေအထားမှာ အစိုးရ အဖွဲ့ကို ဖိတ်ကြားတဲ့ အဆင့်တောင် လက်မခံနိုင်ဘူးလို့ သူက ပြောပါတယ်။ တဖက်တွင် မီဒီယာများမှ ဒေါ်အောင်ဆန်းစုကြည်မှ ဦးသန်းရွှေအပေါ် အမုန်းတရားမရှိကြောင်း၊ အတိုက်အခံအင်အားစုများက သဘောထားကြီးကြောင်း၊ အမြင်ကျယ်ကြောင်းပြောနေချိန်တွင် ဗကသ များက သဘောထားသေးသိမ်ကာ အမြင်ကျဉ်းနေသဖြင့် မီဒီယာများ ရေးရခက်နေကြပါတယ်။

ဒါ့အပြင် စစ်အာဏာရှင် စံနစ်ကို ပြန်လည် ပူးပေါင်းမယ့် ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ပေါင်းစည်းမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။


တစ်ငံလုံးအတိုင်းအတာဖြင့် ခြိမ့်ခြိမ့်သဲကျင်းပမည့် ငွေရတုပွဲကြီး မတိုင်ခင် တပတ်အလိုတွင် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များ နှုတ်ထွက်သွားသဖြင့် အခြေအနေ အားလုံး ကမောက်ကမ ဖြစ်လျှက်ရှိကြောင်း သိတင်းရရှိပါတယ်။ 

From : ..bbc

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...