Pages

Monday, August 12, 2013

ရွှေတိဂုံ ဘုရားပေါ် လက်နက် ကိုင်ဆောင် လာသူအား အရေးယူ

ရန်ကုန်၊ သြဂုတ် ၁၂
၁၁.၈.၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ဒဂုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန် ဆောင်
ရွက်နေစဉ် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံစေတီတော်၏ တောင်ဘက် စောင်းတန်း အလယ်
ပစ္စယံ စစ်ဆေးရေးဂိတ်တွင် မသင်္ကာဖွယ် လူတစ်ဦးအား တွေ့ရှိကြောင်း ဂေါပကအဖွဲ့မှ အကြောင်း
ကြားခဲ့၍ သွားရောက် စစ်ဆေးရာ အဆိုပါသူမှာ အောင်ကျော်သိန်း (ဘ)ဦးမြသိန်း၊ ရဲချောင်းဝကျေးရွာ၊
ဒလမြို့နယ်နေသူဖြစ်ပြီး ၎င်းလွယ်ထားသည့် အနက်ရောင် ဘေးလွယ်အိတ် အတွင်းမှ အရိုးအသွား၁၁
လက်မခန့်ရှိ သုံးမြှောင်ပုံ ထိပ်ဦးချွန် စကေဘာ (၁)ချောင်းအား ရှာဖွေတွေ့ရှိရသဖြင့် သိမ်းဆည်းပြီး ဒ
ဂုံမြို့မရဲစခန်း (ပ)၁၇၉/၂၀၁၃၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့်အရေးယူ ထားရှိကြောင်း သတင်းရရှိ
ပါသည်။

Yangon Police

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...