Pages

Sunday, August 4, 2013

မြန်မာနိုင်ငံသို့ ခေတ္တပြန်လာမည့် မိုးသီးဇွန်အား ဆန္ဒပြရန်ပြင်ဆင်

ယခုလ ၄ ရက်နေ့တွင်ကျင်းပမည့် ၈၈အရေးတော်ပုံ ငွေရတုအခမ်းအနားသို့ တက်ရောက်ရန် အတွက် မြန်မာနိုင်ငံ သို့ ခေတ္တပြန်လည်ရောက်ရှိ လာမည့် ABSDF ဥက္ကဌဟောင်း မိုးသီးဇွန် အား လေဆိပ်တွင် စောင့်ကြိုဆန္ဒပြရန် ပြင်ဆင်လျက်ရှိကြောင်းစီစဉ်သူ ကိုဝင်းသိန်း မှ ပြောကြားခဲ့သည်။ မိုးသီးဇွန်ကိုကျွန်တော်တို့ မကြိုက်ရတဲ့အကြောင်း ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့လုပ် ဆောင် ချက်တွေကို ရိုင်းရိုင်းစိုင်းစိုင်းဝေဖန်ခဲ့တဲ့အပြင် ၉၆၉ ကို ဗုဒ္ဓနာဇီဟု ပြောဆိုခဲ့ တာတွေကြောင့်ဖြစ် ပါတယ်။ 
 
သူ့အနေနဲ့ နိုင်ငံအတွက်ဘာမှလုပ် သွားတာမရှိဘူး။ ABSDF ခေါင်းဆောင်ဘ၀ကလည်း ရေပေါ်ဆီအနေနဲ့ စည်းစိမ်ယစ်မူးနေ တယ်။ ကိုမင်းကိုနိုင်တို့၊ ကိုဂျင်မီတို့ ၈၈ ကျောင်းသားတွေထောင်နှစ်ရှည်ကျပြီး နိုင်ငံ အတွက် အနစ်နာ ခံခဲ့တဲ့အချိန်မှာ သူဟာအမေရိကန်နိုင်ငံသား ခံယူပြီး ပြည်ပ အထောက်အပံ့တွေနဲ့ ဇိမ်ခံနေတယ်။ အခုမှ နှမ်းဖြူးသလိုဘာလိုလိုနဲ့ လူစွမ်းကောင်းလုပ်ပြီးပြန်လာ တာလုံးဝလက်မခံ ပါဘူးဟု ပြော ဆိုသွားသည်။ 
 
မိုးသီးဇွန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ရန်ဆုံးဖြတ်ချိန်ကလည်း အမေဒေါ်စု လမ်းမတော် ဖိုးတုတ် နဲ့ ညားပြီးဟု ရိုင်းစိုင်းစွာဝေဖန်ခဲ့ပြီး သမ္မတဦးသိန်းစိန်၏ အမေရိကန်ခရီးစဉ်တွင် လည်း သမ္မ တအား ရိုင်းစိုင်း စွာဆဲဆိုဆန္ဒပြခဲ့သည်။ ထို့ပြင် မလေးရှားရောက် ရိုဟင်ဂျာအဖွဲ့ များနှင့် မြန်မာနိုင်ငံ အတွင်းဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများဆောင်ရွက် ရန် ပြင်ဆင်ခဲ့သေးကြောင်း မှတ်တမ်းဗီဒီယိုများမှတဆင့်သိရသည်။

မြန်မာဗုဒ္ဓဘာသာတွေကို ကမ္ဘာ့အလည်မှာ နာဇီလိုလူသတ်သမားတွေနဲ့ နှိုင်းပြီး နာမည်ဖျက်ခဲ့တဲ့ လူကို မြန်မာ့မြေ က လက်မခံကြောင်း မကြိုဆိုကြောင်း ပြဖို့လိုတယ်။
သည်းခံနေရင် ဒီလူတွေ ပြည်ပကနေ မြန်မာလူမျိုးနဲ့ ဗုဒ္ဓဘာသာကို အမြဲတမ်းနာမည်ဖျက်နေလိမ့်မယ်။ ဟုဆန္ဒပြရန် တိုက်တွန်းထားသည့် လူငယ်တစ်ဦး၏ အွန်လိုင်းစာမျက်နာတွင် ဖေါ်ပြထားသည်။


From: True New

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...