မြန်မာနိုင်ငံ ရွှေသဘာဝ ဓာတ်ငွေ့ စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mya
North ခေါ် အနောက်
ဘက် မြ သဘာဝဓါတ်ငွေ့ လုပ်ကွက်ကနေ ဓာတ်ငွေ့တွေ စတင် ထုတ်ယူနေပြီလို့
တောင်ကိုရီးယား
ဒေ၀ူးကော်ပိုရေးရှင်းက ပြောပါတယ်။
မြ သဘာဝဓါတ်ငွေ့တွင်း (၄ ) တွင်းကို မနှစ်က တူးခဲ့တာဖြစ်ပြီး စုစုပေါင်း
တစ်ရက်ကို ဓါတ်ငွေ့ ကုဗ
ပေ သန်းပေါင်း (၁၂၀) ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်း လုပ်ငန်းစု တူးဖေါ်မှုတွေဟာ ၂၀၁၄
နှစ်ကုန်ပိုင်းမှာ အပြီးသတ်မှာဖြစ်
ပါတယ်။ ရွှေ သဘာဝဓါတ်ငွေ့ စီမံကိန်း လုပ်ငန်းစုကနေ စုစုပေါင်း တစ်ရက်ကို
ဓါတ်ငွေ့ ပမာဏကုဗ
ပေ သန်းပေါင်း (၅၀၀) ထုတ်လုပ်နိုင်မယ်လို့ ဒေ၀ူး ကော်ပိုရေးရှင်းက
ဆိုပါတယ်။
ရွှေ စီမံကိန်းက ထွက်ရှိတဲ့ ဓါတ်ငွေ့တွေကို
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း CNPC က ပိုက်လိုင်း
က တစ်ဆင့် ၀ယ်ယူမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရွှေ၊ ရွှေဖြူနဲ့ မြ သဘာဝဓါတ်ငွေ့ လုပ်ကွက်တွေမှာ ဓာတ်ငွေ့
သယံဇာတ ပမာဏစုစု
ပေါင်းကုဗပပေ ကုဋေပေါင်း လေးသောင်းခွဲံ လောက်ရှိမယ်လို့
တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း
CNPC က ခန့်မှန်းထားပါတယ်။
ရွှေ ဓာတ်ငွေ့ စီမံကိန်းမှာ ဒေ၀ူး က ၅၁ ရာနှုန်း၊ အိန္ဒိယ ရေနံနဲ့ ဓာတ်ငွေ့
ကုမ္ပဏီ ONGC က ၁၇ ရာနှုန်း
မြန်မာ့ ရေနံ နဲ့ ဓာတ်ငွေ့ ကော်ပိုရေးရှင်းက ၁၅ ရာနှုန်း၊ အိန္ဒိယ GAIL နဲ့
ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေး
ရှင်း တို့က ၈.၅ ရာနှုန်းစီ အသီးသီး မြုပ်နှံထားကြပါတယ်။
RFA Burmese
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...