အစွန်း ရောက်အဖွဲ့အစည်းများမှ
အကြမ်းဖက်လုပ်ရပ်များ မြန်မာနိုင်ငံ တွင်လုပ်ဆောင်မည်ဟု ထွက်ပေါ်
နေသောသတင်းများအရ ကာ ကွယ်နှိမ်နင်းမှုများပြုလုပ်ရန်အ တွက်
မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ် နှင့် ရဲလုံခြုံရေးများတင်း
ကြပ်စွာချထားကြောင်း နိုင်ငံဖြတ် ကျော်မှုခင်းရဲတပ်ဖွဲ့မှ အဆင့်မြင့်
အရာရှိကြီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရှိ နယ်စပ်များ အားလုံးတွင်
စစ်တပ်နှင့် ရဲများ ပါဝင်သော လုံခြုံရေးများချထား ပြီးဖြစ်ကာ
အိမ်နီးချင်းနိုင်ငံများ မှ လူမျိုးခြားများဝင်ရောက်မှု များမရှိစေရေး
ဆောင်ရွက်နေ ကြောင်း၊ 0x158င်းအပြင် လုံခြုံရေးကင် မရာများဖြင့်လည်း လူဝင်
လူထွက် များကိုစောင့်ကြည့်နေကြောင်း သိရသည်။
နိုင်ငံဖြတ်ကျော်မှုခင်းဌာ
နမှ အဆင့်မြင့်အရာရှိက ''အဓိက ကတော့ ရခိုင်ပြည်နယ်စပ်နဲ့ ချင်း ပြည်နယ်၊
တနသင်0x081ာရီတွေဘက် ကိုအဓိကထား စောင့်ကြပ်နေ ပါတယ်။ တခြားနေရာတွေမှာ လည်း
လိုအပ်သလို လုံခြုံရေးချ ထားတယ်။ မသကင်0x081ာသူတွေ့ရင် ချက်ချင်းဖမ်းစစ်။
အဲဒီလိုလုပ် နေရတယ်။ အခုထွက်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖောက်
ခွဲမှုတွေလုပ်မယ်ဆိုတဲ့ သတင်း တွေကတော့ မှန် မမှန်စိစစ်နေ တုန်းပါ။ ဒါပေမဲ့
သတိတော့ထား ရမဲ့အခြေအနေရှိတယ်။ မဖြစ်ခင် ကြိုကာရမဲ့ ကိစ0x081စတွေရှိတယ်။
လို အပ်တဲ့ လူအင်အား၊ လက်နက် အင်အားအဆင်သင့်နဲ့ လုံခြုံရေး
အတွက်ဆောင်ရွက်နေပါတယ်''ဟုပြောသည်။
ထို့အပြင် အီးယူနှင့်အမေ
ရိကန်နိုင်ငံများမှ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်ပတ်သက်သည့်
သင်တန်းများကို မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များအား သင်တန်းပေးသွား
မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး အတွက်
စုံစမ်းမှုများနှင့် နှိမ်နင်း မှုနည်းစနစ်များကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ
အရာရှိကြီးများကိုသင် ကြားပေးနေကြောင်း သိရသည်။
From :
..YMG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...