Pages

Thursday, August 22, 2013

သွေးတိုးရင်ကျပ် ရောဂါသည်တစ်ဦး ခုတင်ပေါ်မှ ပြုတ်ကျသေဆုံး

သွေးတိုးရင်ကျပ် ရောဂါရှိသူ တစ် ဦးသည် တစ်ဦးတည်း ရှိစဉ် ခုတင်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း မှုခင်း ဌာနမှ သိရသည်။
အဆိုပါသေဆုံးမှုမှာ ဒေါ်လွင်လွင် ဆွေ ၄၅ နှစ်ဖြစ်ပြီး ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး သူနာပြုဆောင်၊ ၄ ရပ်ကွက်၊ ဗိုလ်တထောင် မြို့နယ်တွင် နေထိုင်ကာ လက်နှိပ် စက် စာရေးအဖြစ် လုပ်ကိုင်နေ သူဖြစ်သည်။

သေဆုံးသူသည် လွန်ခဲ့သော ၃ ရက်ခန့်က သေဆုံးခြင်း ဖြစ်ကြောင်း ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီး၌ သွေးတိုး ရင်ကျပ်ရောဂါ ဖြစ်နေေ သာကြောင့် ဆေးကုသမှု ခံနေ ရကာ ၄င်းနေထိုင်ရာ အဆောင်တွင် တစ်ဦးတည်း ရှိစဉ် သွေး တိုး ရင်ကျပ်ရောဂါ ပြင်းထန်စွာ ခံစားရ ပြီး ခုတင်ပေါ်မှ ပြုတ်ကျ သေဆုံးသည့် လက္ခဏာတွေ့ ရှိ ရကြောင်း၊ ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မှုခင်း မှတ်တမ်း အရ သိရသည်။

အဆိုပါ အမှုကို ဗိုလ်တထောင် မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၁၃ ဖြင့် သြဂုတ် ၁၉ ရက် ည ၇ နာရီ အချိန် တွင် အမှုဖွင့် စစ်ဆေးခဲ့ သည်။


From : ..popular

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...