ကနေဒါနိုင်ငံသား ကမ္ဘာကျော်
ပေါ့ပ်အဆိုတော် ဂျပ်စတင်ဘီဘာ၏ ဘတ်စ်ကားပေါ်တွင် ဆေးခြောက်နှင့်
မူးယစ်ဆေးဝါးများ ရှာဖွေ ဖမ်းဆီးရမိခဲ့သည်ဟု အမေရိကန်
နယ်စပ်ရဲတပ်ဖွဲ့ဝင်များက ဇူလိုင် ၂၉ ရက်တွင် အတည်ပြု ကြေညာခဲ့သည်။
အသက်
၁၉ နှစ် အရွယ်ရှိ မိန်းကလေးများ၏ အသည်းကျော်ဖြစ်သူ ဘီဘာသည်
ကနေဒါနိုင်ငံတွင် ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပြီးနောက် အခြေချနေထိုင်ရာ
အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ထွက်ခွာလာခဲ့ရာ ဂီတတူရိယာပစ္စည်းများ
ထားရှိရာနှင့် အဖွဲ့ဝင်များ လိုက်ပါစီးနင်းရာ ဘတ်စ်ကားပေါ်၌ ဆေးခြောက်နှင့်
Paraphernalia ဆေးဝါးများ တွေ့ရှိ ခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ
ဘတ်စ်ကားသည် ကနေဒါနှင့် အမေရိကန်ပြည်ထောင်စု အား ဖြတ်သန်းဖောက်လုပ်ထားသည့်
Ambassador Bridge တံတားပေါ် ဖြတ်သန်းရန် မောင်းနှင်နေစဉ် အမေရိကန်
နယ်စပ်ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ရှာဖွေသည့် အနံ့ခံခွေးများ၏
အကူအညီဖြင့် ကားအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ကားပေါ်၌
မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ဘီဘာမှာ အဆိုပါ
ကားပေါ်၌ ရှိမနေပေ။ ၎င်းမှာ သူ၏ ချစ်သူ ဆယ်လီနာဂိုမက်ဇ် ၏ မွေးနေ့ပွဲသို့
သွားရောက်နေသောကြောင့် အစောပိုင်းကတည်းကပင် အမေရိကန်ပြည်ထောင်စုသို့
ပြန်လည်ရောက်ရှိနေခြင်း ဖြစ်သည်။
ဘီဘာ၏ ကိုယ်စားလှယ်များက
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည့် ဘတ်စ်ကားမှာ ဘီဘာ၏ ကားမဟုတ်ကြောင်း
ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း အမေရိကန် နယ်စပ်ရဲအရာရှိ မစ္စတာ ကင်ဟမ်းမွန်း
ကမူ ထိုကားမှာ ဘီဘာ၏ ကားများထဲမှ တစ်စီးဖြစ်သည်ဟု အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ
ဘတ်စ်ကား မောင်းနှင်လာသူ ယာဉ်မောင်းကို စစ်ဆေးမှုများ ပြုလုပ်သွားမည်
ဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် အခြားသူများကိုမူ တစ်စုံတစ်ရာ အရးယူသွားမည်
မဟုတ်ဟု ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုနှစ်
ဧပြီလအတွင်းကလည်း ဆွီဒင်အာဏာပိုင်များသည် ၎င်းတို့နိုင်ငံတွင် ဂီတဖျော်ဖြေပွဲ
ပြုလုပ်သည့် ဘီဘာ၏ ဘတ်စ်ကားတစ်စီးကို စစ်ဆေးခဲ့ရာ ကားပေါ်တွင်
မူးယစ်ဆေးဝါးနှင့် စတင်းဂန်းသေနတ် တစ်လက် စစ်ဆေးတွေ့ရှိခဲ့ရဖူးသည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း Ambassador Bridge တံတားပေါ်တွင်ပင် အမေရိကန်
အဆိုတော် ရီဟန်းနား၏ ဘတ်စ်ကားပေါ်တွင် မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိခဲ့ဖူးသည်။
From :
..mwdnews
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...