Pages

Thursday, August 1, 2013

အိမ်မွေးခွေးက ပိုင်ရှင်ရဲ့ ဝှေးစေ့ကို ကိုက်စား

အသက် ၃၉ နှစ်အရွယ် အမည်မဖော်လိုသူ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ပြောပြချက်အရ မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ တင်ပါးပိုင်းတစ်ခုလုံး သေလောက်အောင်နာကျင်လာလို့ အိပ်ယာက နိုးလာခဲ့ပါတယ်။ သူနိုးလာလာချင်း သူ့ပေါင်ကြားမှာ နှုတ်ခမ်းနဲ့ ရှေ့ခြေထောက်မှာ သွေးတွေပေနေတဲ့ အမွှေးထူ ခွေးအဖြူလေး တစ်ကောင်ကိုလည်း သတိထားမိခဲ့ပါတယ်။
ခွေးကို သေချာကြည့်လိုက်တဲ့အခါမှာတော့ ခွေးဟာ သူ့ရဲ့ ဝှေးစေ့ နှစ်လုံးထဲက တစ်လုံးကို စားခဲ့တာသိလိုက်ရပါတယ်လို့ သူကပြောပြပါတယ်။ ဒီခွေးကို လွန်ခဲ့တဲ့ သုံးပတ်လောက်တုန်းက လမ်းပေါ်မှာတွေ့လို့ အိမ်ကို ခေါ်လာခဲ့တာပါလို့ သူက ဆက်ပြောပါတယ်၊ ပြီးတော့ ကာကွယ်ဆေးထိုးထားလား မထိုးထားလားဆိုတာတော့ သူမသိပါဘူး။ ရဲတွေကတော့ ထိုခွေးကို သတ်ပစ်လိုက်ကြပါတယ်။

From: Myanmar CNN (http://www.myanmarcnn.com)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...