Pages

Friday, August 16, 2013

အီဂျစ်မှာ နိုင်ငံတည်ငြိမ်မှူကို ထိန်းနေတဲ့ စစ်တပ်နဲ့ရဲ လက်စွမ်းပြလို့ ဆူပူဆန္ဒပြသူ ခြောက်ရာကျော်သေခဲ့ပြီ


 

အီဂျစ်နိုင်ငံမှာ ​ဖြစ်နေတဲ့ ​ဆန္ဒပြမှုအတွင်း ​သေဆုံးသူ ​အယောက်ပေါင်း ​ခြောက်ရာကျော်သွားပြီးလို့ ​အီဂျစ် ​အစိုးရက ​အတည်ပြုပြောကြားလိုက်ပါတယ်။ဒါပေမယ့် ​သမ္မတဟောင်း ​မိုဟာမက် ​မော်စီကို ​ထောက်ခံတဲ့အဖွဲ့ ​Muslim ​Brotherhood ​ပါတီကတော့ ​သေဆုံးသူ ​နှစ်ထောင်ဝန်းကျင်လောက်ရှိတယ်လို့ ​ဆိုပါတယ်။ ​အခုဆိုရင် ​ဆန္ဒပြတဲ့ ​လူအုပ်စုတွေကို ​ဖြိုခွင်းဖို့အတွက် ​ရဲတပ်ဖွဲ့တွေကို ​ပစ်မိန့်ပေးလိုက်ပြီလို့ ​သိရပါတယ်။အခုလို ​အီဂျစ်နိုင်ငံမှာ ​ဖြစ်နေတဲ့ ​ဆန္ဒပြမှုနဲ့ ​အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ​နိုင်ငံတကာကလည်း ​အကြီးအကျယ်ရှုတ်ချခဲ့သလို ​နောက်ဆုံးလက်ရှိအခြေအနေအရ ​အီဂျစ်နိုင်ငံနဲ့ ​စစ်ရေးပူးတွဲလေ့ရေး ​လုပ်မဲ့ ​အမေရိကန်နိုင်ငံကလည်း ​လေ့ကျင့်ရေးအစီအစဉ်ကို ​ဖျက်လိုက်ပြီလို့ ​သိရပါတယ်။
အဲ့ဒါအပြင် ​အမေရိကန်နိုင်ငံက ​အီဂျစ်နိုင်ငံကို ​နှစ်စဉ်ထောက်ပံ့ပေးနေတဲ့ ​အမေရိကန်ဒေါ်လာ ​တစ်ဘီလီယံ ​ကိုလည်း ​ပြန်လည်သုံးသပ်သွားဖို့ ​ရှိတယ်လို့လည်း ​သိရပါတယ်။

 (မောင်ကျောက်ခဲ အဖွဲ့)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...