Pages

Saturday, August 10, 2013

အကြမ်းဖက်မှု အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဗြိတိန်နှင့် အမေရိကန် သံရုံးများ လုံခြုံရေးတိုးမြှင့်ထားရန် အကြောင်း ကြား

Photo: အကြမ်းဖက်မှု အန္တရာယ်ကြောင့် ရန်ကုန်ရှိ ဗြိတိန်နှင့် အမေရိကန်
 သံရုံးများ လုံခြုံရေးတိုးမြှင့်ထားရန် အကြောင်း ကြား

10/8/2013 

မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံး တို့အနေဖြင့် 
ကိုယ်ပိုင်လုံခြုံရေး ကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ချ ထားရန် 
အကြောင်းကြားထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ 
တစ်ဦးက ပြော သည်။ အမေရိကန် နှင့်ဗြိတိန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများ 
၏သံရုံးများကို အကြမ်းဖက်သ မားများက တိုက်ခိုက်မည်ဟု လွန် ခဲ့သောရက်အတွင်းက
 ထွက်ပေါ်ခဲ့သည့် သတင်းအပေါ်မူတည်၍ ယခုကဲ့သို့ သံရုံးများ လုံခြုံရေးတိုး 
မြှင့်ရန် အသိပေး အကြောင်းကြား ထားခြင်းဖြစ် သည်ဟု သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အ ဆင့်မြင့်အရာရှိက''သူတို့ကိုယ် 
ပိုင်လုံခြုံရေးတိုးမြှင့်ဖို့လိုသလို ကျွန်တော်တို့နိုင်ငံအနေနဲ့လဲ သံ 
ရုံးရဲ့လုံခြုံရေးကို တာဝန်ယူထား ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက် 
တိုက်ခိုက်မှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံး လုံခြုံရေး ကိုဆောင် 
ရွက်သွားမှာပါ''ဟုပြောသည်။

ယင်းကဲ့သို့ လုံခြုံရေးကို ဆောင်ရွက်ရာတွင် အမေရိကန် နှင့် 
ဗြိတိန်သံရုံးအပါအဝင် အ ခြားသံရုံးများ၏ လုံခြုံရေး ကိုလည်း လိုအပ်သလို 
ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်တိုက်ခိုက်မှု 
များပြုလုပ်မည်ဟု ခြိမ်းခြောက် မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း 
ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ''သူတို့တွေက အ ဖျက် 
သမားတွေဆိုတော့ ဒါပဲစဉ်း စားကြမှာပါပဲ။ ကျွန်တော်တို့အ နေနဲ့ကတော့ 
သံရုံးတင်မဟုတ်ဘူး။ တစ်မြို့လုံးရဲ့ လုံခြုံရေး ကို ဆောင်ရွက် နေတာပါ။ အစစ 
အရာရာ ဒီအချိန်မှာ ဂရုစိုက်ရ မှာပါ''ဟု ပြောသည်။

အယ်လ်ခိုင်ဒါခေါင်းဆောင် က အကြမ်းဖက်လုပ်ရပ်များလုပ် ရန် ၎င်း၏အဖွဲ့ဝင်များအား
 အကြောင်းကြားခဲ့သည့်အပေါ် အမေရိကန်နိုင်ငံက ကြားဖြတ် 
သတင်းရယူနိုင်ခဲ့သောကြောင့် ကမ္ဘာတဝန်းရှိ အမေရိကန်သံရုံး နှင့် 
ဗြိတိန်သံရုံးမှ တာဝန်ရှိ သူများ ကို လုံခြုံရေးအထူးဂရုစိုက်ရန် ပြော 
ကြားထားကြောင်း သိရသည်။

ကျော်မြတ်ဇံ

Yangon Media Group
မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် အမေရိကန်သံရုံး တို့အနေဖြင့် ကိုယ်ပိုင်လုံခြုံရေး ကို ယခုရက်ပိုင်းအတွင်း တိုးမြှင့်ချ ထားရန် အကြောင်းကြားထား ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြော သည်။ အမေရိကန် နှင့်ဗြိတိန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများ ၏သံရုံးများကို အကြမ်းဖက်သ မားများက တိုက်ခိုက်မည်ဟု လွန် ခဲ့သောရက်အတွင်းက ထွက်ပေါ်ခဲ့သည့် သတင်းအပေါ်မူတည်၍ ယခုကဲ့သို့ သံရုံးများ လုံခြုံရေးတိုး မြှင့်ရန် အသိပေး အကြောင်းကြား ထားခြင်းဖြစ် သည်ဟု သိရသည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အ ဆင့်မြင့်အရာရှိက''သူတို့ကိုယ် ပိုင်လုံခြုံရေးတိုးမြှင့်ဖို့လိုသလို ကျွန်တော်တို့နိုင်ငံအနေနဲ့လဲ သံ ရုံးရဲ့လုံခြုံရေးကို တာဝန်ယူထား ရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေမဖြစ်ရအောင် အတတ်နိုင်ဆုံး လုံခြုံရေး ကိုဆောင် ရွက်သွားမှာပါ''ဟုပြောသည်။

ယင်းကဲ့သို့ လုံခြုံရေးကို ဆောင်ရွက်ရာတွင် အမေရိကန် နှင့် ဗြိတိန်သံရုံးအပါအဝင် အ ခြားသံရုံးများ၏ လုံခြုံရေး ကိုလည်း လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်မည်ဟု ခြိမ်းခြောက် မှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ''သူတို့တွေက အ ဖျက် သမားတွေဆိုတော့ ဒါပဲစဉ်း စားကြမှာပါပဲ။ ကျွန်တော်တို့အ နေနဲ့ကတော့ သံရုံးတင်မဟုတ်ဘူး။ တစ်မြို့လုံးရဲ့ လုံခြုံရေး ကို ဆောင်ရွက် နေတာပါ။ အစစ အရာရာ ဒီအချိန်မှာ ဂရုစိုက်ရ မှာပါ''ဟု ပြောသည်။

အယ်လ်ခိုင်ဒါခေါင်းဆောင် က အကြမ်းဖက်လုပ်ရပ်များလုပ် ရန် ၎င်း၏အဖွဲ့ဝင်များအား အကြောင်းကြားခဲ့သည့်အပေါ် အမေရိကန်နိုင်ငံက ကြားဖြတ် သတင်းရယူနိုင်ခဲ့သောကြောင့် ကမ္ဘာတဝန်းရှိ အမေရိကန်သံရုံး နှင့် ဗြိတိန်သံရုံးမှ တာဝန်ရှိ သူများ ကို လုံခြုံရေးအထူးဂရုစိုက်ရန် ပြော ကြားထားကြောင်း သိရသည်။

ကျော်မြတ်ဇံ

Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...