Pages

Friday, August 2, 2013

အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို လေကြောင်းလိုင်းများမှ ၃ နာရီကြိုရောက်ရန် သတိပေးထား

Photo: အလုပ်ပိတ်ရက် မြန်မာပြည်ပြန်လည်မည့်သူများကို 
လေကြောင်းလိုင်းများမှ ၃ နာရီကြိုရောက်ရန် သတိပေးထား 

***********************************************

ယနေ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ HARI RAYA ရုံးပိတ်ရက် 
အလည်ပြန်မည့် သူများအတွက် မြန်မာပြည်သို့တိုက်ရိုက်ပြေးဆွဲပေးနေသာ 
လေကြောင်းများဖြစ်သည့် MAI , MALAYSIA AIRLINES & AIRASIA လိုင်းတို့မှ
 လေဆိပ်များတွင် ခရီးသည်များ များပြားပြီး 
ကြန့်ကြာမှု့များရှိနိုင်သောကြောင့် ယခင် သတ်မှတ်ထားသော ၂ 
နာရီကြိုရောက်ရမည့်အစား ၃ နာရီကြိုတင် Check In လုပ်ထားကြရန် 
သတိပေးစာပေးပို့ထားပါသည် ။

အထူးသဖြင့် တန်ဖိုးနိမ့်လေကြောင်းအဖြစ် လူစီးများနေသော Airasia 
လေဆိပ်ဖြစ်သည့် LCCT လေဆိပ်သို့ Check In ဝင်မည့်သူများအားလုံး အတွက် 
လေဆိပ်သို့လာရာလမ်းကြောင်းတွင် ကားလမ်း ပိတ်ဆို့မှု့ ၊ လေဆိပ်တွင် 
ခရီးသည်များ များပြားမှု့တို့နှစ်စဉ်ရှိနေတာကြောင့် လေယာဉ်မမှီလိုက်သော 
ခရီးသည်များရှိကြောင်း ၊ သို့ကြောင့် Airasia လက်မှတ်ဝယ်ထားသော 
ခရီးသည်များအဖို့ 

၁ ။ မိမိတို့ ပြန်မည့်ရက်နှင့် ၂ ပတ်အလိုမှ တစ်ရက်အလိုအထိ Web Checkin 
ဝင်ရန် ။

၂ ။ Web Check In မဝင်ထားပါက လေဆိပ်သို့ ၃ နာရီစောရောက်ရန် နှင့် လေဆိပ်ရှိ
 Self Check In Counter များတွင် ကိုယ်တိုင် Check In ဝင်ထားရန် ။ နှင့် 

၃ ။ Luggage များအပ်နှံရန် Check In Counter များအား အချိန် ၃ 
နာရီကြိုတင်ဖွင့်ပေးထားမည်ဖြစ်ပြီး လေယာဉ်ထွက်ချန် နှင့် ၃ နာရီလိုကတည်းက 
Luggage များစတင်အပ်နှံနိုင်ကြောင်းကို 

သတိပေးစာများ ဖြင့် ထုတ်ပြန်ထားခဲ့ပါသည် ။

သို့ကြောင့် မလေးရှားမှ မြန်မာပြည်သို့ အလည်ပြန်မည့် သူများ အားလုံး 
အထူးသဖြင့် ၅.၈.၂၀၁၃ မှ ၁၅.၈.၂၀၁၃ Hari Raya အလုပ်ပိတ်ရက် အတွင်း 
အလည်ပြန်မည့်သူများ မိမိတို့လေယာဉ် မမှီသည့်အဖြစ်များ မဖြစ်ရန် ကြိုတင် 
ပြင်ဆင်ထားကြပါရန် ရွှေလူငယ် လေယာဉ်လက်မှတ် အွန်လိုင်းဝန်ဆောင်မှုမှ 
သတိပေးကြော်ငြာထားပါသည်။
 
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...