လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်သည် ၎င်းအနေဖြင့် အသင်းမှ ထွက်ခွာခွင့် ရရှိရန်
အလို့ငှာ ထိပ်တိုက် တောင်းဆိုမှုများ ပြုလုပ်မည် ဖြစ်သည်။
အဆိုပါ တိုက်စစ်မှူးကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က စိတ်ဝင်စားနေပြီး
အာဆင်နယ်မှ ကြိုးပမ်းနေသည့် လုပ်ဆောင်ချက် အပေါ် လီဗာပူးမှ
ဟန့်တားနေခြင်းအား ဆွာရက်ဇ်က စိတ်ပျက်နေသည်။
ဥရုဂွေး လက်ရွေးစင် ဆွာရက်ဇ်သည် လီဗာပူး အသင်း အနေဖြင့် ၎င်း၏ စာချုပ်တန်ဖိုး
အတိုင်း ကမ်းလှမ်းမှု လာပါက လက်ခံနိုင်မည်ဟု ယုံကြည်နေပြီး ယင်းကြောင့် ၎င်းမှာ
ချန်ပီယံလိဂ် ၀င်ခွင့်ရ ကလပ် အသင်း တစ်ခုထံသို့ ပြောင်းရွှေ့ခွင့် ရမည်ဟု
မျှော်လင့်ထားသည်။ အာဆင်နယ် အသင်းသည် ဆွာရက်ဇ်ကို ပေါင် သန်း ၄၀ ဖြင့်
ကမ်းလှမ်းခဲ့သည်။ ထိုသို့ စာချုပ်တန်ဖိုး အတိုင်း ဖြစ်လာသော်လည်း လီဗာပူး
အသင်းက ငြင်းပြီး အချိန်ဆွဲနေ၍ ယင်းကို ဆွာရက်ဇ်က စိတ်ပျက်ခဲ့သည်။
အေဂျက် တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်သည် ယခု နွေရာသီတွင် အသင်းမှ
ထွက်ခွာလိုကြောင်း အတည်အလင်းကို ပြောဆိုခဲ့ပြီး ဖြစ်ရာ လက်ရှိတွင်
ဆွာရက်ဇ်မှာ ယခုတစ်ပတ်၌ လီဗာပူး အသင်းကို တောင်းဆိုမည် ဖြစ်သည်။
ဆွာရက်ဇ်သည် လီဗာပူး အသင်းမှ ထွက်ခွာလိုပြီး သူ၏ ကိုယ်စားလှယ်
အကြံပေးများသည် စာချုပ် အတွက် စုံစမ်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။
ဆွာရက်ဇ်သည် လီဗာပူး အသင်းမှ ထွက်ခွာခွင့် ရရန်အတွက် နောက်ဆုံး အနေဖြင့်
အပြောင်းအရွှေ့ စာတင်ရန် အစီအစဉ် ရှိသည်။
ဆွာရက်ဇ်သည် အာဆင်နယ် နည်းပြ ၀င်းဂါး၏ အဓိက ခေါ်ယူလိုသည့် အဓိက
ပစ်မှတ်ထားခြင်း ခံနေရသော ကစားသမား ဖြစ်ပြီး အာဆင်နယ်နှင့် လီဗာပူး
အသင်းတို့ အကြား ဆွေးနွေးမှုများလည်း ပြုလုပ်နေဆဲ ဖြစ်သည်။ လီဗာပူး အသင်းက
ဆွာရက်ဇ်ကို ပေါင် သန်း ၅၀ အထိ ဈေးတင်ထားသော်လည်း ယင်းအတိုင်းကို အာဆင်နယ်
အသင်းက ပေးချေလိုခြင်း မရှိပေ။ အာဆင်နယ် ကွင်းလယ်လူ အာတီတာက ၎င်းတို့
အသင်းမှာ ဆွာရက်ဇ်ကို ခေါ်ယူ နိုင်မည်ဟု ယုံကြည်နေသော်လည်း နွေရာသီ ဈေးကွက်
ကုန်ခါနီး နောက်ဆုံး ရက်အထိ အချိန်ယူ ရနိုင်ကြောင်း ပြောကြားခဲ့သည်။
အသက် ၃၁ နှစ် အရွယ်ရှိ အာတီတာက လာမည့် ရာသီတွင် ၎င်းတို့ အသင်းအနေဖြင့် ၂၀၀၅
နောက်ပိုင်း ကာလရှည် ဖလား လက်မဲ့ ဖြစ်မှုကို ချေဖျက်သည့် အနေဖြင့်
ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ရန် ကြိုးစားသွားမည်ဟု အာဆင်နယ်
အသင်း ပရိသတ်များကို ကတိပြုခဲ့သည်။
Yatanarpon

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...