Pages

Saturday, August 17, 2013

နေစရာအိမ်မရှိ၍ သင်္ချိုင်းရှိ အုတ်ဂူထဲတွင် ၁၅ နှစ်ကြာနေထိုင်သူ

  လွန်ခဲ့သည့် ၁၅နှစ်ခန့်က နေစရာအိမ် မရှိတော့သဖြင့် သင်္ချိုင်းမြေဟောင်း တစ်ခုထဲတွင် နေထိုင်ခဲ့သူ အသက်၄၃နှစ်အရွယ် ဆားဘီးယားနိုင်ငံသား ဘရာတစ်ဆလဗ်စတို ဂျန်နိုဗစ်ဆိုသူက လူသေများနှင့် သရဲများထက် သက်ရှိလူသားများကို ပိုကြောက်သည် ဟုဆိုလိုက်သည်။ ၎င်းသည်ယခင်က ဆောက်လုပ်ရေး အလုပ်သမားဟောင်း တစ်ဦးဖြစ်ပြီးြွေကးမြီများမဆပ်နိုင်၍ နောက်ဆုံး အိမ်ထိုးဆပ်လိုက်ရသည့် နောက်ပိုင်းတွင် နစ်မြို့ရှိ သင်္ချိုင်းမြေ တစ်ခုထဲတွင် နေထိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။ ၎င်းသည်ယခုအခါ သင်္ချိုင်းမြေ နယ်နိမိတ်အတွင်းရှိ လွန်ခဲ့သည့် နှစ်၁၀၀ကျော်က မိသားစု အုတ်ဂူတစ်လုံး၏ အောက်ခြေရှိ ကျင်းကြီးထဲတွင် အခန်းဖွဲ့၍ နေထိုင်နေသည် ဟုသိရသည်။ ၎င်းက သေသူများနှင့်အတူ နေထိုင်ခြင်းသည် လူများထင်သလောက် ကြောက်စရာမကောင်း ကြောင်းပြောသည်။

 သင်္ချိုင်းမြေတွင် နေထိုင်စက အနည်းငယ် ကြောက်စိတ်ဝင်ခဲ့သော်လည်း ယခုအခါသင်္ချိုင်းထဲတွင် နေရသည်ကိုအဆင်ပြေနေပြီဟု ၎င်းကပြောသည်။ ထို့ပြင်၎င်းက လူသေများထက် သက်ရှိလူသားများကို ယခုအချိန်တွင် ပိုကြောက်သည် ဟုပြောသည်။ ''ကျွန်တော အုတ်ဂူကျင်းထဲက ထွက်တိုင်း အပြင်မှာလူရှိမရှိ အရင်ဆုံး သေချာကြည့်ရတယ်။ဒီလိုမဟုတ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကိုမြင်သွားရင် လန့်ပြီးသေသွားနိုင်တယ်'' ဟု၎င်းကပြောသည်။

၎င်းသည်တစ်ခါတစ်ရံ အမှိုက်ပုံထဲမှ စားစရာများကို ရှာဖွေစားသောက်ရပြီး သူတစ်ပါးစွန့်ပစ်ထားသော ဆေးလိပ်တိုများကို ကောက်သောက်ရသည် ဟု၎င်းကပြောသည်။ ၎င်းနေထိုင်ရာအုတ်ဂူသည် ခြောက်ပေပတ်လည်ခန့်ကျယ်ပြီး သုံးပေခန့်သာ မြင့်သည် ဟုသိရသည်။ ယင်းမြို့ရှိ အာဏာပိုင်များသည် အခြားသူများကို အနှောင့်အယှက် မပေးပါက မည်သူမဆို သင်္ချိုင်းထဲတွင် ကြိုက်သလောက်နေထိုင်နိုင်သည်ဟုသိရသည်။

 From:  ပြည်မြန်မာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...