Pages

Tuesday, August 20, 2013

ဦးဏှောက်သွေးကြောပိတ်ဆို့မှုဝေဒနာကြောင့် ဒေါက်တာလွဏ်းဆွေ သတင်းမတင်ဘဲအနားယူပြီ

  ဒေါက်တာလွဏ်းဆွေသည် ယခုအခါဦးဏှောက်သွေးကြော ပိတ်ဆို့မှုဝေဒနာကြောင့် နေ့စဉ် အခြားဘလော့များမှတဆင့် လင့်ချိတ်ဖော်ပြသော မြန်မာ့ရေးရာ သတင်းပဒေသာ ကဏ္ဍကို ရပ်ဆိုင်းတော့မည်ဟု ၎င်း၏ ဘလော့စာမျက်နှာတွင် ဖော်ပြထားသည်။ ကဗျာဆရာကြီး ဒဂုန်တာရာ ကွယ်လွန်သည့် ၁၉-၈-၂၀၁၃ ရက်ညနေပိုင်းမှစ၍  ၎င်း၏ကျန်းမာရေးအပေါ် စိုးရိမ်လာ၍ အနားယူတော့မည်ဖြစ်ကြောင်းဒေါက်တာလွဏ်းဆွေက ဆိုခဲ့သည်။ 


ဒေါက်တာလွဏ်းဆွေသည် ပြည်ပမှနေ၍ ယနေ့နိုင်ငံရေးခေါင်းဆောင်များ စားပွဲဝိုင်းတွင် အတူထိုင်၍ နိုင်ငံတော်တိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ  စုပေါင်းဆွေးနွေးနေချိန် တွင်ပြည်တွင်းရှိ ပြည်သူလူထုအား ဆူပူအုံ့ကြွမှုဖြင့်သာစစ်မှန်သော ဒီမိုကရေစီကို ရရှိနိုင်မည်၊  ပြည်သူလူထုသွေးမြေကျမှသာ ဒီမိုကရေစီကို  ရရှိမည်ဟု အစဉ်တစိုက် 
လှုံ့ဆော်ခဲ့သူ တစ်ဦးဖြစ်သည်။ သို့ရာတွင် ၎င်း၏ ဆူပူအုံ့ကြွမှသာ ဒီမိုကရေစီ ရရှိမည်
ဟူသော အမြင်သည် ယနေ့ခေတ်ကာလတွင် ပညာတတ်လာကြသည့် ပြည်သူလူထုအပေါ်
အကျိုးသက်ရောက်မှု မရှိသောကြောင့် အမြင်မှန်ရသွားပြီး ကျန်းမာရေးအကြောင်းပြ၍ အနားယူခြင်း
ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူ ဘလော့ဂ်ဂါတစ်ဦးမှ ဆိုသည်။

From: နိုင်ငံသစ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...