Pages

Thursday, August 8, 2013

ကလေးစစ်သား ၆၈ ဦးလွှတ်ပေးတဲ့အတွက် ကုလကြိုဆို

စုဆောင်းထားတဲ့ ကလေးစစ်သား ၄၂ နှစ်ယောက်ကို 
ပြန်အပ်နှံစဉ် (၃ 
စက်တင်ဘာ ၂၀၁၂)မြန်မာစစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားအဖြစ် အသုံးပြုမှု အဆုံးသတ်ရေး ကြိုးပမ်းမှုအနေနဲ့ ကလေးစစ်သား ၆၈ ဦးကို တပ်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကမ္ဘာ့ကုလသမဂ္ဂက ကြိုဆိုလိုက်ပါတယ်။

ကလေးစစ်သား စုဆောင်းအသုံးပြုမှုကို ပယ်ဖျက်မယ်ဆိုပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ သဘောတူညီချက်ကို ဇွန်လအတွင်းက လက်မှတ်ရေးထိုးပြီးတဲ့ နောက် အခုလို ကလေးစစ်သားလေးတွေကို စစ်တပ်က ပြန်လွှတ်ပေးတာ ၄ ကြိမ်ရှိသွားပြီဖြစ်ပြီး၊ ဒီတခေါက်ကတော့ အရေအတွက်အများဆုံး လွှတ်ပေးတာပါ။

စုဆောင်းထားတဲ့ ကလေးစစ်သား ၄၂ နှစ်ယောက်ကို ပြန်အပ်နှံစဉ် (၃ 
စက်တင်ဘာ ၂၀၁၂)စုဆောင်းထားတဲ့ ကလေးစစ်သား ၄၂ နှစ်ယောက်ကို ပြန်အပ်နှံစဉ် (၃ စက်တင်ဘာ ၂၀၁၂)

အခုအချိန်အထိဆိုရင်တော့ မြန်မာစစ်တပ်အနေနဲ့ စစ်တပ်အတွင်းက အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၇၆ ဦးကို မိဘတွေထံကို ပြန်လည် ပေးအပ်ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ၂၀၁၄ ခုနှစ် အစောပိုင်း နောက်ဆုံးထားပြီး စစ်တပ်အတွင်းက ကျန်နေတဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပြီး မိဘလက်ထံ လွှဲပြောင်းပေးမယ်လို့ ပြီးခဲ့တဲ့နှစ်က မြန်မာအစိုးရက ကတိက၀တ် ပြုထားခဲ့ပါတယ်။
 
From : ..voa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...