Pages

Monday, August 26, 2013

မောင်တောတွင် အကြမ်းဖက်မှု ကျူးလွန်ပြီး တိမ်းရှောင်နေသူ တစ်ထောင်ကျော် ရှိနေ

မောင် တောနယ်စပ်ဒေသအတွင်း ဆူပူ အကြမ်းဖက်မှုတွင် ပါဝင်ကျူး လွန်သူများကို သက်ဆိုင်ရာက လိုက်
လံဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ ထွက်ပြေးတိမ်းရှောင်နေသူမှာ ၁၀၀၀ ကျော်ရှိနေကြောင်း တရားဝင်ထုတ်ပြန်
ချက်များအရ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသူ များအား ဖမ်းဆီးရရှိနိုင်ရေးအ တွက် နယ်မြေခံလုံခြုံရေး တပ်များ က ရှာဖွေ
ဖမ်းဆီးခြင်းများ ပြုလုပ်နေသော်လည်း တိမ်းရှောင်နေသူများကို ဖမ်းဆီးရရှိမှုမှာ မရှိသ လောက် ဖြစ်နေ
ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး လွတ်မြောက်နေသည့်သူများ အား လုံးကို ဖမ်းဆီးရရှိရေးမှာ မောင် တောနယ်
စပ်ဒေသအတွက် လွန် စွာအရေးပါနေကြောင်း ကျေးရွာ များနှင့် မောင်တောမြို့ခံများက ပြောသည်။

လက်ရှိ မောင်တောနယ်စပ်တွင် ထွက်ပေါ်နေသည့် လုံခြုံရေးသတိပေးသတင်းများကြောင့် တိမ်းရှောင်နေ
သူများသည် အ ကြမ်းဖက်အုပ်စုများနှင့် ပူးပေါင်း ကာ မောင်တောနယ်စပ်ဒေသ ကို အချိန်မရွေးပြန်လည်
ဒုက္ခပေး နိုင်ကြောင်း မောင်တောမြို့ခံတစ် ဦးက သုံးသပ်ပြောကြားသည်။

သြဂုတ်(၂၅)၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ

Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...